မိန်းကလေးတွေ မုန်းတဲ့ ၁၀ ချက်

မိန်းကလေးတွေရှေ့မှာ ကိုယ့်ကို ကြိုက်အောင်ဆိုပြီး လိုသည်ထက် ပိုပြီးပြောဖူးတဲ့ အတွေ့အကြုံရှိမှာပါ။

ကိုကြွားတွေရဲ့ စကားတွေကို စိတ်ပါဝင်စားနားထောင်တာထက် ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့အ ချိန်လေးတွေလည်း ရှိမှာပါ။

ဂျပန်မှာ မိန်းကလေး အယောက် ၅၀၀ ကို စစ်တမ်းကောက်ခဲ့တဲ့ အဖြေကတော့ အောက်ပါအတိုင်းပါပဲ။

၀၁. အရင်တုန်းက ကျောင်းမှာဆိုရင် အရမ်းဆိုးခဲ့တာလေ။

ဆိုးသွမ်းခဲ့တဲ့ အတိတ်ကို ဂုဏ်ယူပြီးပြောနေရင်လည်း မိန်းကလေးတွေအနေကတော့ ကြိုက်ဖို့မပြောနဲ့
ကြောက်လာပါလိမ့်မယ်။

၀၂. ၃ယောက်လောက် တပြိုင်နက် ကိုယ့်ကို ကြိုက်တဲ့သူရှိခဲ့တယ်။


အတိတ်မှာ ဘယ်လောက်ပဲစွန်ခဲ့နေပင်မဲ့လည်း ပစ္စုန်ပန်မှာတော့ မိန်းကလေးတွေရှေ့မှာ ရည်းစားဟောင်း
တွေအကြောင်းကိုပြောရင်တော့ အပြောခံရတဲ့ မိန်းကလေးအနေနဲ့ကတော့ ဒီယောင်္ကျား ဟုတ်ကော ဟုတ်သေးရဲ့လားလို့ ထင်မှာပါ။

၀၃. အလုပ်များလွန်းလို့ ၂ ရက်လောက် မအိပ်ရသေးဘူး။

ကိုယ်က အရမ်းကြိုးစားနေတဲ့အကြောင်းကို အကြောင်းပြပြီး အလုပ်မှာလည်းတော်တယ်လို့အရိပ်အရောင် ပြချင်ပင်မဲ့လည်း မိန်းကလေးဘက်ကကြည့်ရင်တော့ကျန်းမားရေးကို ဂရုမစိုက်ပဲ အတူတူနေရင်ရော ကိုယ့် ကို အလေးထားပါ့မလားဆိုပြီး စဉ်းစားမှာ အမှန်ပါ။

၀၄. အမေတို့က အိမ်နောက်တစ်လုံးဝယ်လိုက်လို့ အလုပ်တွေရှုပ်နေတာ။

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပိုက်ဆံရှိကြောင်းကို ဟိတ်ကြီးဟန်ကြီးနဲ့ ပြောနေရင်တော့ လူမုန်းမှာအ မှန်ပါ။အဲဒီလောက်တောင် ပိုက်ဆံရှိနေရင် မုန့်သွားစားရင် ပိုက်ဆံအကုန်ရှင်းခိုင်းလိုက်ပါ။

၀၅. ရည်းစားဟောင်းက မော်ဒယ်လေ။

ရည်းစားဟောင်းက ဘယ်လောက်ပဲလှလှ နောက်မိန်းကလေးတစ်ယောက်ရဲ့ အရှေ့မှာ အဲဒီစကားကိုပြော တာကတော့ ရိုင်းတယ်လို့ထင်ပါတယ်။

၀၆. အမှတ်နည်းနည်းလေးလိုသွားသို့ တခြားကျောင်းရောက်သွားတာ။

ကိုယ်ကတော်တဲ့အကြောင်းကို ကြွားချင်အားကြီးလို့ တကယ်တော့ အမှတ်နည်းနည်းများရင်တော့
ဆေးကျောင်းတက်နေရပြီပေါ့ လို့အပြောခံရရင် ဘယ်လိုခံစားရမလဲ။

၀၇. အဲဒီအဆိုတော်နဲ့ အရမ်းခင်တာ။

သူငယ်ချင်းတွေထဲမှာ နာမည်ကြီးနေတဲ့သူတွေ အများကြီးရှိတယ်ဆိုပြီး ကြွားလုံးထုတ်နေတတ်တဲ့ကိုကို တို့လည်း သတိထားနော်။

၀၈. တစ်ယောက်တည်း ၃ ပုလင်းလောက် သောက်နိုင်တယ်။

ကိုယ့်ဟာကို သောက်နိုင်တာကို မိန်းကလေးတွေကို ရှင်းပြစရာမလိုပါ။ အရက်ဘယ်လောက်ပဲ သောက်
နိုင်နိုင် မိန်းကလေးတွေရှေ့မှာတော့ အမှတ်ရမယ်လို့မထင်ပါနဲ့။

၀၉. ရုံးက ဟိုလူကြီးကို ပြန်ဆဲလိုက်ရလို့ အရသာရှိလိုက်တာ။


ယောင်္ကျားတန်မဲ့ အတင်းပြောပြီး သူ့စကားကို သေသေချာချာ နားထောင်ပြန်တော့လည်း အထက်လူကြီး က မှားနေတယ်လို့မထင်ပါ။ကိုယ့်က တော်တယ်တတ်တယ်လို့ ထင်ထားပင်မဲ့လည်း သူတပါးကနေကြည့် ရင်တော့ အဖြေက တမျိုးထွက်မှာပါ။

Chelmo Team

မှတ်ချက်များ