ပေ(၄၀၀၀)ခန့်အမြင့်၌ ပျံသန်းနေသော လေယာဉ်နှင့် ငှက်တို့တိုက်မိရာမှ လေယာဉ်၏ ဦးထိပ်ပိုင်း အနည်းငယ်ပေါက်ပြဲမှုဖြစ်


၁၀.၁၂.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာ လာသော မြန်မာ့လေကြောင်းခရီးစဉ်အမှတ် 8M-232 ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်သည် ရန်ကုန်လေဆိပ်သို့မရောက်မီ (၁၀)မိနစ်ခန့်အလို ပဲခူးမြို့ပေါ် ပေ(၄၀၀၀)ခန့်အမြင့်မှ ပျံသန်းနေစဉ် ငှက်များနှင့်တိုက်မိ၍ လေယာဉ်၏ဦးထိပ်ပိုင်း၌ (၁)ပေ ပတ်လည်ခန့် အပေါက်ဖြစ်သွားခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါလေယာဉ်တွင် လေယာဉ်အမှုထမ်း(၈)ဦးနှင့် ခရီးသည် (၁၂၀)ဦးလိုက်ပါလာကြောင်းသိရှိရပြီး ယင်းသို့ဖြစ်ပွားခဲ့သော်လည်း လေယာဉ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် ခရီးသည်များအန္တရာယ်တစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သတင်းရရှိပါ သည်။

Yangon Police

မှတ်ချက်များ