ပြင်သစ်ဝန်ကြီး ဒလဖက်ခြမ်းကို ဘာသွားလုပ်တာလဲ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ် ဖွံ့ဖြိုးရေးဝန်ကြီးဟာ ဒီဇင်ဘာ ၆ရက်နေ့က ရန်ကုန်တစ်ဖက်ကမ်းက ဒလမြို့နယ်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ပြင်သစ် NGO တွေရဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်
အောင် ကူညီပေးမှုတွေကို စစ်ဆေးဖို့ သွားရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒလဘက်မှာ ပြင်သစ်က ဘယ်ကိစ္စတွေကို ကူညီနေသေးလဲ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကူညီပေးနေတဲ့ အိတ်ခ်ျအိုင်ဗီနဲ့ တီဘီဝေဒနာရှင်တွေကို ကုသပေးနေတဲ့ NGO တစ်ခုဆီ သွားရောက်ခဲ့ပြီး အိတ်ခ်ျအိုင်ဗီ ဝေဒနာခံစားနေရသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒလမြို့ နယ်ဘက်က အိတ်ခ်ျအိုင်ဗီပိုးရှိသူတဲ့ လိင်တူချစ်သူတွေအဖွဲ့ ရွှေရောင်တွဲလက်များကိုလည်း သွားရောက် အားပေးခဲ့ပါတယ်။

ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက လုပ်ဆောင်နေတဲ့ ကျေးလက်ဖွံ့ဖြိုးရေး၊ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေကိုလည်း တပါတည်းကြည့်ရှုစစ်ဆေးခဲ့တာဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးက ပြောပါတယ်။ ပြင် သစ်အစိုးရဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ငွေကြေးအဓိက ထောက်ပံ့နေပြီး မြန်မာပြည်ရဲ့ ဆင်းရဲ တဲ့ဒေသတွေမှာ ဖွံ့ဖြိုးမှုရှိဖို့ လာလေ့လာတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပြင်သစ်နိုင်ငံက စောင့်ကြည့်နေသလို လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေ ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်မျှတမယ်ဆိုရင် မြန်မာ
ပြည်အတွက် ပြင်သစ်က အကောင်းဘက်မှာ ပိုပြီးလုပ်ဆောင်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

ပြင်သစ် ဖွံ့ဖြိုးရေးဝန်ကြီးဟာ နေပြည်တော်နဲ့ ရန်ကုန်မှာ ကျင်းပတဲ့ အမျိုးသမီးဖိုရမ်ကို တက်ရောက်ဖို့ မြန် မာပြည်ကို ရောက်လာတာဖြစ်ပြီး မြန်မာအစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒလမြို့နယ်က NGO တွေရဲ့ လုပ်ငန်းတွေကို စစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာ ၆ရက်နေ့ညနေမှာ မြန်မာပြည်ကနေ ထွက်ခွာမှာဖြစ်ပါ တယ်။



kamayutmedia

မှတ်ချက်များ