စက်ဘီးလဲကျ၍ ဒဏ်ရာရရှိသည့် စပိန်နိုင်ငံသားနှစ်ဦးအား ကူညီစောင့်ရှောက်


ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ပုဂံမြို့ဟောင်းကားလမ်းမကြီး အမှတ်(၇)နယ်မြေ ဝက်ကြီးအင်းရပ်ရှိအလို တော်ပြည့်ဘုရားသို့သွားရာ မြေသားလမ်း၌ နိုင်ငံခြားသားနှစ်ဦး စက်ဘီးလဲ ကျ၍ ဒဏ်ရာများရရှိကြောင်းသတင်းအရ မော်တော်ယာဉ်လှည့်ကင်းတာဝန် ဆောင်ရွက်နေ သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့စု(ပုဂံ)မှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ စပိန်နိုင်ငံသား Mr.Iranzo Oscar နှင့် Ms.Marca Tello Patricia တို့ကို ဒဏ်ရာများဖြင့်
တွေ့ရှိရပြီး လျှပ်စစ်စက်ဘီးတစ်စီးအား နှစ်ဦးအတူ စီးနင်းလာစဉ် စက်ဘီးလဲကျရာမှ ဒဏ်ရာများ ရရှိခဲ့
ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် လှည့်ကင်းယာဉ်ဖြင့် ညောင်ဦးမြို့ ဇေယျဝတီရပ်ကွက်ရှိ Royal Bagan Clinic သို့ ကူညီပို့ဆောင်၍ ဆေးကုသမှုခံယူစေကာ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝတွင် ၎င်းတို့တည်း ခိုနေထိုင်ရာ ''ပဉ္စရူပ'' တည်းခိုခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား

မှတ်ချက်များ