မုန်းဒေသ ကလောမြောင် ရွှေလုပ်သား (၂) ဦး မြေမြုတ်မိုင်း နင်းမိသဖြင့် ထိခိုက်ဒဏ်ရ


၂၀၁၄ ခု ဒီဇင်ဘာ (၂၃) ရက်နေ့ တွင် မုန်းဒေသ ကလောမြောင် ရွှေလုပ်သား (၂) ဦး မြေမြုတ်မိုင်း နင်းမိ သဖြင့် ထိခိုက်ဒဏ်ရ ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ မီးတိုင်တော ကျေးရွာအုပ်စု ကလော
မြောင် တောင်ပေါ်၌ ရွှေသထ္ထုတူးဖေါ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော လုပ်သားများ ဖြစ်ကြသည့် ရွှေ ကျင်မြို့နယ် သဲဖြူချောင်းရွာနေ ကျော်မင်းနိုင်(ခ)ကျော်နိုင်(၁၇)နှစ်(ဘ)ဦးစိုးဝင်း နှင့် ကျော်ကျော် (၂၅)နှစ် (ဘ)ဦးကုလား တို့နှစ်ဦးမှာ ၎င်း တို့ ရွှေလုပ်ငန်းလုပ်နေသည့် ကလောမြောင် နှင့် (၂)မိုင်ခန့်ဝေးသော
ရွှေ ကျင်ချောင်းဖျား နေရာသို့ ငှက်ပြစ် သွားခဲ့ကြရာ မှ ညနေ (၃)နာရီခန့်မှာ မြေမြုတ်မိုင်းအား ကျော် မင်းနိုင်(ခ)ကျော်နိုင် မှ နင်းမိခဲ့ရာ ပေါက်ကွဲသဖြင့် ကျော်နိုင် ၏ ညာဘက်ခြေထောက် ဒူးအောက်မှပြတ် ၍ ကျော်ကျော် မှာ ကျောပြင် တစ်ခုလုံး မိုင်းစများထိမှန် ပြီး မုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသ မှု့ခံယူနေရကြောင်း သတင်းရရှိသည်။

ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာရုံး)

BY THIT HTOO LWIN

မှတ်ချက်များ