ရှားပါးရေနေသတ္တဝါရေဝက် ထိန်းသိမ်းရေးလုပ်ငန်းများ နှောင့်နှေးနေ ငွေကြေး၊ နည်းပညာနှင့် ပစ္စည်းကိရိယာ လိုအပ်ချက်များကြောင့်ဟုဆို

ဓါတ်ပုံ - animal.nationalgeographic.com

ရှားပါး ရေနေသတ္တဝါဖြစ်သည့်ရေဝက် (Dugong) ထိန်းသိမ်းရေး လုပ် ငန်းဆောင်ရွက်ရန် မြန်မာနိုင်ငံအ
နေ ဖြင့် နိုင်ငံတကာသဘောတူညီချက် တွင် လက်မှတ်ရေးထိုးထားသော် လည်း ငွေကြေး၊ နည်းပညာနှင့်
ပစ္စည်း ကိရိယာလိုအပ်ချက်များကြောင့်ထိန်း သိမ်းရေးလုပ်ငန်းများနှောင့်နှေးနေ ကြောင်း သိရသည်။

ရေဝက်သည် တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေး နှင့် သဘာဝနယ်မြေများထိန်းသိမ်း
ရေးဥပဒေတွင် လုံးဝကာကွယ်ထား သည့် မျိုးသုဉ်းမည့်အန္တရာယ်မှကာ ကွယ်ရမည့်တောရိုင်းတိရစ္ဆာန်များ ထဲတွင် ပါဝင်ပြီး၊ ယင်းနှင့်ပတ်သက် ပြီးထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက် ရန် ၂ဝဝ၇ခုနှစ်တွင် နိုင်ငံတကာ သဘောတူညီချက်ကိုနိုင်ငံပေါင်း နှစ် ဆယ်ခန့်ကလက်မှတ်ရေးထိုးခဲ့ကြ သော်လည်း မြန်မာနိုင်ငံအနေ
ဖြင့်ရေဝက်နှင့် ပတ်သက်ပြီး ကောင်ရေကောက် ယူခြင်းနှင့်သုတေသနလုပ်ငန်းဆောင် ရွက်မှုများအား နည်းနေသေးကြောင်း သိရသည်။

''ဒီကောင်တွေလျော့နည်းသွားတယ်လို့လဲ ပြောလို့မရသေးဘူး။ကောင်ရေကောက်ထားတာမရှိဘူး။ ငွေရေး
ကြေးရေးနဲ့နည်းပညာ၊ စက် ကိရိယာတွေရရင်တော့ ကောင်ရေ ကောက်လို့ရမယ်။ တတ်နိုင်သရွေ့ တော့ လုပ်နေကြတယ်။ အချက်အလက် တွေ၊ ရေဝက်တွေ့နိုင်တဲ့နေရာတွေကို စုံစမ်းတာတွေလုပ်နေတယ်''ဟု
မြန်မာ နိုင်ငံအဏ္ဏဝါသိပ္ပံအသင်းမှ ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

ရေဝက်သည်မျိုးသုဉ်းပျောက် ကွယ်လုနီးပါးဖြစ်နေသောငါးမျိုးစိတ် တစ်မျိုးဖြစ်ပြီး၊ ပင်လယ်ကမ်းရိုးတန်း
ဒေသ၊ ကျောက်တန်းများ၊ ပင်လယ် မြက်ခင်းများနှင့် သဲသောင်စပ်စပ်နေ ရာများတွင် ကျင်လည်ကျက် စား ကြောင်း၊ မီးခိုးရောင်ရှိပြီး၊ ဧရာဝတီ လင်းပိုင်ထက် ကိုယ်ခန္ဓာကြီးမား ကြောင်း၊ တစ်နှစ်လျှင်တစ်ကြိမ် သား ပေါက်ပြီး၊ တစ်ကြိမ်လျှင်တစ်ကောင် သာသားပေါက်သော ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်ကြောင်း သိရသည်။

''ဒီကောင်တွေကို အကောင်ရေ ကောက်ဖို့က စက်တပ်ယာဉ်ပျံတွေ သုံးရမယ်။ ဝေဟင်ကနေကြည့်ရမယ်။ ငြခမသယိမသာန ပါတဲ့စက်ယာဉ်ပျံ တွေ သုံးတာက သက်လဲသက်သာ ပြီး ရှာတွေ့နိုင်တယ်။ ဒီကောင်
တွေက ကောင်ရေကောက်ဖို့ ခက်တယ်။ထိုင်းဘက်မှာဆိုရင်လဲ တော်တော် ပေါတယ်။ သူတို့ဆီမှာ ထိန်း သိမ်းရေး လုပ်မယ့်ပညာရှင်တွေ၊ ပစ္စည်းတွေ လဲ ရှိတယ်။ သူတို့ဘက်ကကူညီရင် တော့ အဆင်ပြေနိုင် တယ်''ဟုယင်းက ပြောသည်။

ရေဝက်ထိန်းသိမ်းရေးကို ကမ္ဘာ ပေါ်တွင်ဒေသခြောက်ခုခွဲပြီး ဆောင် ရွက်နေခြင်းဖြစ်ကာ မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအပိုင်းတွင်ပါဝင် ပြီး၊ ပြည်တွင်းပညာရှင်အပြင်၊ ပြည်ပ ပညာရှင်များလည်း ပါဝင်ဆောင် ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

''ပိုက်ထဲမှာရေဝက်ပါတာ သုံး ကောင်လောက်ရှိပြီ။ ပါလာရင်တော့ ပိုက်သမားတွေကစားကြတယ်။ ရောင်း ရအောင်အထိလဲ မပါဘူး။ တစ်ခါ တလေပဲ တွေ့ရတာများတယ်။ အ ကောင်ကတော့ကြီးတယ်။ ပိုက်နဲ့ငြိ ပြီး သေတယ်ထင်တာပဲ''ဟု ဂွမြို့နယ် ကံငူကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ရေဝက်(ခေါ်)ရေသူမသည် မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းနှင့် ပင်လယ် မြက် ခင်းများရှိသည့် ရေကြည်လင် သောဒေသများတွင် နေထိုင်ကျက် စားကြောင်း သိရသည်။

‪‎Democracytoday‬

မှတ်ချက်များ