အလုပ်တိုင်းကတော့ အန္တရာယ်ရှိကြပါတယ်။ သို့ပေမယ့် တနေ့ကုန် စားပွဲရှေ့ထိုင်ခုံတစ်လုံးပေါ် ထိုင်လုပ်ရ တဲ့ အလုပ်မျိုးထက် အသက်အန္တရာယ်ပိုစိုးရိမ်ရတဲ့အလုပ် တချို့ရှိပါတယ်။ အသက်တစ်ချောင်း နစ်နာဆုံး ရှုံးသွားနိုင်တဲ့ စွန့်စားမှုတွေပါ (ဒါမှမဟုတ် အနည်းဆုံး လက်ချောင်းတစ်စုံကိုပေါ့) ဆုံးရှုံးသွားနိုင်တဲ့ အလုပ် မျိုးပါ။ Bureau of Labor Statistics ရဲ့ နောက်ဆုံးအစီရင်ခံစာအရ အမေရိကတွင် ထိခိုက်အနာတရဖြစ်
စေမှုများပြားပြီး ကျွန်ုပ်တို့ရဲ့အသက်ဇီဝိန်ကို ခြွေယူနှုတ်ယူနေတဲ့ အသက်အန္တရာယ် အများဆုံးအလုပ် (၁၀) မျိုးကို လေ့လာကြည့်တဲ့အခါ…
(၁) သစ်ခုတ်သမားများ
(၂) ငါးဖမ်းသမားများနဲ့ ၎င်းနဲ့ဆက်နွယ်တဲ့ငါးဖမ်းလုပ်သားများ
(၃) လေယာဉ်မှူးများနဲ့ လေယာဉ်အင်ဂျင်နီယာများ
(၄) အိမ်အမိုးမိုး/ဖာသူများ
(၅) အမိုက်သရိုက်နဲ့ အရည်ကျိုပြန်လည်အသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်း လိုက်လံကောက်ယူသူများ
(၆) ကျောက်မီးသွေးတူး ယန္တယားစက်ထိန်းများ
(၇) ယာဉ်မောင်း/ အရောင်းဝန်ထမ်းများနဲ့ ထရပ်ခ်ကားမောင်းသူများ
(၈) တောင်သူလယ်သမားများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများနဲ့ တခြား စိုက်ပျိုးရေးဆိုင်ရာဦး စီးစီမံသူများ
(၉) လျှပ်စစ်နဲ့ ဓာတ်အားလိုင်းတပ်ဆင်သူများနဲ့ ပြုပြင်သူများ
(၁၀) ဆောက်လုပ်ရေးအလုပ်သမားများ… တို့ဖြစ်ကြတာ တွေ့ရပါတယ်။
Trend Myanmar

မှတ်ချက်များ