တရားမ၀င် အနှိပ်ခန်းများအား အထူးလျှို့ဝှက်စုံစမ်းဖော်ထုတ်အရေးယူသွားမည်
ဒီဇင်ဘာ ၈ ရက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အနှိပ်ခန်းများ တရားဝင်ခွင့်ပြု ပေးနိုင်ရန်
ဆွေးနွေး ခဲ့ပြီး နောက် တရားမ၀င် အနှိပ်ခန်းများအား အထူးလျှို့ဝှက်စုံစမ်း ဖော်ထုတ်အရေးယူ သွား မည်ဟု ၉ ရက်နေ့ လွှတ်တော်၌ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြား လိုက်သည်။
ဒီဇင်ဘာ ၉ ရက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်
တော်ကိုယ်စားလှယ်ဦးမျိုးခင်က ''ရန်ကင်း၊ မိုးကောင်း လမ်းမကြီးနှင့် အဝေရာလမ်းထောင့်တွင် ဖွင့်လှစ် လျက်ရှိသည့် အမည်မရှိ၊ လိုင်စင် မရှိ၊ ဥပဒေမဲ့အနှိပ်ခန်းလုပ်ကိုင်နေသည့်အတွက် ရပ်ကွက်နေ အမျိုး
ကောင်းသမီးများ ထင်ယောင်ထင်မှား နောက်ပြောင်ခံရခြင်း၊ လူရမ်းကားများ ဆူညံသည့် အတွက် ယင်း အနှိပ်ခန်းကို ဥပဒေအရ ခွင့်ပြုခြင်းရှိမရှိ မေးခွန်းတွင် ဗိုလ်မှူးကြီးတင်ဝင်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
၎င်းမှ ''ဥပဒေအရ ခွင့်ပြုပေးထား ခြင်းမရှိပါဘူး။ ရန်ကင်းမြို့နယ်ရဲစခန်းကလည်း သွားစုံစမ်းတယ် မတွေ့ရ ဘူး။ သတင်းပေါက်ကြားသွားလို့ ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့ဖြစ်စဉ်များကြောင့် တရား မ၀င် အနှိပ်ခန်းများအား လျှို့ဝှက်စုံစမ်းဖော်ထုတ်သွားမည်ဟု ပြောကြားခဲ့သည်။
ယင်းအဆိုကို မတင်သွင်းမီ ယမန်နေ့ လွှတ်တော်၌ တရားမ၀င် အနှိပ်ခန်းများအား တရားဝင်ဖွင့်လှစ်ခွင့်ရ ရှိရန် ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော် က တင်သွင်း ခဲ့ခြင်းဖြစ်သည်။ ၎င်းမှ တရား မ၀င်အနှိပ်ခန်းတွင် လုပ်ကိုင်နေသည့် အမျိုးးသမီးငယ်များ၏ အခွင့်အရေး ဆုံးရှုံး နေမှုများအား ကာကွယ်နိုင်ရန်အတွက် လွှတ်တော်သို့ တင်သွင်းရခြင်းဖြစ်ပြီး လွှတ်တော်မှလည်း လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။
ယင်းဒီဇင်ဘာ ၈ ရက် လွှတ်တော်အစည်းအဝေး၌ပင် ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခင်ကပင် ''ရန်ကုန်တိုင်းဒေသကြီးအတွင်း လူနေရပ်ကွက်များအတွင်း ဖွင့် လှစ်လျက် ရှိသော KTV၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက် ဘား၊ ကချေသည်ခန်းမများအား လှော်ကားဥယျာဉ်အတွင်း (သို့မဟုတ်) နေရာတခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပြီး သက် ဆိုင်ရာက မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
၂၀၁၄ အောက်တိုဘာမှ နိုဝင်ဘာ အထိ အမည်မရှိ၊ လိုင်စင်မရှိ၊ ခွင့်ပြုချက် မရှိဘဲ ဖွင့်လှစ်လုပ်ကိုင်နေ သည့် အနှိပ်ခန်း ပေါင်း ၄၃ ခန်း ဖမ်းဆီးအရေးယူထားကြောင်း၊ အနှိပ်ခန်းတခန်းလျှင် ၆ လပိတ် သိမ်း၍
ပြည့်တန်ဆာခန်း တခန်းလျှင် ၁ နှစ်ပိတ်သိမ်း အရေးယူကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။
လက်ရှိအနှိပ်ခန်းများနှင့်ပတ်သက်၍ တရားဝင်ခွင့်ပြုချက်ရရှိရေးအား လွှတ်တော်မှ ဒီဇင်ဘာ ၁၂ တွင်
ဆွေးနွေးသွားမည်ဟု ကြေညာထားပြီး အနှိပ်ခန်းများအား လျှို့ဝှက်စုံစမ်းဖော်ထုတ် အရေးယူမည်ဆိုသည် ကို စောင့်ကြည့်ရမည့် အနေအထားတွင် ရှိနေသည်။
ကိုခက် | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ