စာသင်ကျောင်း အကြမ်းဖက် တိုက်ခိုက်မှုနှင့် ဆက်နွှယ်သည့် သံသယရှိသူများကို ပါကစ္စတန် ဖမ်းဆီးနေ

ပါကစ္စတန် နိုင်ငံတွင် စာသင်ကျောင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ဆက်နွှယ်ပြီး မသင်္ကာသူများကို လိုက်လံ ဖမ်းဆီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပီရှာဝါရှိ စစ်တပ်ပိုင် စာသင်ကျောင်းကို တာလီဘန် အကြမ်းဖက်သမားများက အသေခံ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ကလေးငယ် (၁၃၂)ဦး အပါအဝင် စုစုပေါင်း (၁၄၁)ဦးထိ အသက်ဆုံးရှုံးခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဖြစ်ပွားသော အကြမ်းဖက်မှုသည် စစ်တပ်၏ ထိုးစစ်ဆင်မှုများကို မိမိတို့က ကလဲ့ စားချေ တုံ့ပြန်ခြင်းဟု ပါကစ္စတန် တာလီဘန်တို့က ကြေညာခဲ့သည်။

ပါကစ္စတန် ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးဖြစ်သည့် ချောင်ဒဟီ နိုင်ဆာ အလီခန်းက ရဲတပ်ဖွဲ့ အနေဖြင့် အဆို ပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး မသင်္ကာသူ အချို့ကို ဖမ်းဆီးထားပြီဟု ပြောကြားခဲ့သည်။

“တစ်နိုင်ငံလုံးက ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ရယူစုဆောင်းနေပါတယ်။ မသင်္ကာသူ တချို့ကို ကျွန်တော်တို့ ထိန်းသိမ်း စစ်ဆေးနေပါပြီ။ စစ်တပ်ကလည်း နောက်ထပ် ဆိုးရွားပြီး လူမဆန်တဲ့ တိုက်ခိုက်မှုမျိုး ဖြစ်လာတာနဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်အရေးယူဖို့ ပြင်ဆင်ထားပါတယ်”ဟု ခန်းက ဆိုသည်။

စာသင်ကျောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပါကစ္စတန် အစိုးရသည် အကြမ်းဖက်မှုများနှင့် ဆက် စပ်ပြီး သေဒဏ်ပြစ်ဒဏ် ချမှတ်မှု ဆိုင်းငံ့ထားခြင်းကို ပယ်ဖျက်လိုက်ပြီး သမ္မတ ပါဗက်ဇ် မူရှာရက်ဖ်ကို လုပ်ကြံရန် ကြံစည်ခဲ့သူ (၄)ဦးကို ဒီဇင်ဘာ ၂၁ ရက်က သေဒဏ်စီရင်ခဲ့ကြောင်းလည်း သိရသည်။

7day

မှတ်ချက်များ