ရွှေကြိုအဖြစ်မှ နုတ်ထွက်ရန် ဖိအားပေးခံခဲ့ရကြောင်း ကာယကံရှင် ပြော
ရွှေကြိုအမျိုးသားတစ်ဦး ကျန်းမာရေးမကောင်းသည့် အကြောင်းပြချက်ဖြင့်နှုတ်ထွက်ခဲ့သည်ဟု ရွှေကြိုရွေး ချယ်ရေးပံ့ပိုးမှု ကော်မတီဘက်မှ သတင်းထုတ်ပြန်ထားသော်လည်း ယင်းကိစ္စမှာ ၎င်း၏သဘောဆန္ဒဖြင့်
နှုတ်ထွက်ခဲ့ခြင်းမဟုတ်ကြောင်း အောင်ထွဋ်စံ ကပြောသည်။
‘‘တောင်ဒဂုံရဲစခန်းမှာကျွန်တော့်နာမည်နဲ့ အမှုဖွင့်တိုင်ကြားထားတယ်ဆိုပြီး အမြန်ချောပို့ကနေတစ်ဆင့် အစည်းအရုံးကို စာပို့လိုက်တယ်။ အဲဒီစာထဲမှာ ကျွန်တော်က အမျိုးသမီးတစ်ဦးဆီက သိန်းလေးဆယ်လိမ် ထားလို့ တောင်ဒဂုံရဲစခန်းမှာ အမှုဖွင့်ထားတယ်။ နောက်ပြီး ကျွန်တော့်မှာလည်း အိမ်ထောင်ရှိတယ်ဆို ပြီး
ရေးထားတယ်။ အဲဒီကိစ္စကို ကျွန်တော်မသိတဲ့အတွက် ဖြေရှင်းဖို့အချိန် တစ်ရက်တောင်းတော့ စောင့်ပါ မယ်လို့ ကတိပေးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်အတွင်း မှာ ကျွန်တော့် ကိုဘာမှ မပြောဘဲ လူစားထိုးလိုက်ပါ တယ်’’ဟု ၎င်းကပြောသည်။
စာပို့သည့်ကိစ္စနှင့် ပတ်သတ် ၍ စုံစမ်းရာတွင် ၎င်း၌အပြစ်မရှိကြောင်းဖော်ထုတ်နိုင်ခဲ့သော် လည်း ကော် မတီလူကြီးများဘက် မှ ယင်းဖြစ်စဉ် မှန်မမှန် ပြောကြားခြင်း မရှိဘဲ ၎င်းကိုရွှေကြို အဖြစ်မှ နှုတ်ထွက်ရန် ဖိအားပေးခဲ့သည်ဟု ၎င်းကဆိုသည်။
‘‘မရှိတဲ့အမှုတစ်ခုကို ဘယ်သူက ဥာဏ်ဆင်လိုက်မှန်း မသိဘူး။ အဲဒီဟာ မှန်မမှန် ကျွန်တော့်ကို ဖြေရှင်းဖို့ လည်း အချိန်မပေး ဘူး။ ဖြေရှင်းတော့လည်း မင်းဟာမင်းမှန်မှန်မှားမှား ငါတို့နဲ့မဆိုင်ဘူး၊ မင်းကိုငါတို့ထုတ် ရမှာလား။ ဒါမှမဟုတ်မင်းဟာမင်းတစ်ခုခု အကြောင်းပြပြီး ထွက်မှာလား။ ငါတို့ အားလုံးအဲဒီလိုပဲ ပြောပေး မယ်ဆိုတဲ့ သဘောနဲ့ ဖိအားပေးမှု တွေကြောင့် ခြေထောက်အောက် ပိုင်းတစ် ခုခုဖြစ်တယ်ဆိုပြီး မပြောချင် ပဲပြောခဲ့ရတာပါ’’ ဟု အောင်ထွဋ်စံက ပြောသည်။
‘‘အန်တီတို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတိုင်းပါပဲ။ ဘာမှပြောစရာ မရှိပါဘူး’’ဟု အောင် ထွဋ်စံဘက်မှ
ပြောကြားသည့် ကိစ္စနှင့်ပတ်သတ်၍ 7 Day Daily က ဒီဇင်ဘာ ၁၉ ရက် ညနေတွင် မေးမြန်းခဲ့ရာ ဒေါ်အိ အိခိုင်ကအ ထက်ပါကဲ့သို့ဖြေကြားခဲ့သည်။
ရွှေကြိုအဖြစ်ရွေးချယ်ထားသူများထဲမှ အမျိုးသားရွှေကြိုတစ်ဦး ကျန်းမာရေး အကြောင်းပြချက်ဖြင့် နှုတ် ထွက်ခွင့်တောင်း သောကြောင့် ၎င်းတို့ဘက်မှ ထွက်ခွင့်ပြုခဲ့ကြောင်း ရွှေကြိုပံ့ပိုးမှုကောမတီဝင်တစ်ဦးဖြစ် သည့် ဒါရိုက်တာအိအိခိုင်က ဒီဇင်ဘာ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
ငွေကြေးကိစ္စနှင့်ပတ်သတ် ၍ ဒီဇင်ဘာ ၁၆ ရက်က ကြေးမုံသတင်းစာတွင် Love for Love မင်္ဂလာ ဝတ်စုံ
ပြပွဲ၏ စာရင်းရှင်းတမ်းနှင့်ပတ်သတ်သည့်ကြေညာချက်တွင် ၎င်း၏အမည် ပါဝင်ခဲ့ခြင်းမှာလည်း မှားယွင်းမှု တစ်ခုဖြစ်သောကြောင့် ဒီဇင်ဘာ ၁၇ ရက်ထုတ် ကြေးမုံသတင်းစာတွင် ကြေညာသူဘက်မှ၎င်းနှင့် မသက် ဆိုင်ကြောင်း ပြန်လည်၍ အမှားပြင်ဆင်ချက်အနေဖြင့်ထည့်သွင်းထားကြောင်း အောင်ထွဋ်စံက ပြောသည်။
ယခုနှစ်တွင် အကယ်ဒမီပေးပွဲ၌ ဗန်းကိုင်အဖြစ် အသုံးပြုရန်အမျိုးသားများကို ပထမဆုံးအကြိမ်အဖြစ် ၁၀ ဦး ရွေးချယ်ခဲ့ပြီး ဗန်းကိုင်ဟူသော အသုံးအနှုန်းကိုရွှေကြိုဟု ပြောင်းလဲခဲ့သည်။
ဇွဲဉာဏ် | 7day

မှတ်ချက်များ