မလေးရှားနိုင်ငံတွင်း လူသတ်မှုတွေမှာဆက်စပ်မှုရှိတဲ့ မြန်မာအလုပ်သမား ၁၅ကို ဖမ်းမိ

မလေးရှား နိုင်ငံကို မြန်မာ နိုင်ငံကနေ လာရောက်
နေထိုင် အလုပ်လုပ်ကိုင်သူတွေကြားမှာအုပ်စုလိုက်
အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရတဲ့ လူသတ်မှုတွေ ဖြစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံက လာ သူ ၁၅ ယောက်ကို မလေးရှား ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။

ရက်ရက်စက်စက် သတ်ဖြတ်ပြီး ခန္ဓကိုယ်အစိတ် အပိုင်းတွေ ဖြတ်တောက် ခံထားရတဲ့ မြန်မာတွေရဲ့ အလောင်းတွေကို မကြာသေးခင် ရက်ပိုင်းက ပီနန် ကျွန်းမှာ တွေ့ခဲ့ကြရပါတယ်။

ဘာကြောင့်မှန်း မသိရတဲ့ အခြေအနေမျိုးနဲ့ လူပါင်း ၁၈ ယောက် သတ်ဖြတ်ခံခဲ့ကြရပါတယ်။

သေဆုံးသူ တချို့ဟာ နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ မွတ်ဆလင် ရိုဟင်ဂျာတွေနဲ့ ပြဿနာရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတယ်လို့ သူတို့ မိတ်ဆွေတွေက ပြောပါတယ်။

မလေးရှား နိုင်ငံမှာ အဲဒီ ရိုဟင်ဂျာ မွတ်ဆလင်တွေရော ရခိုင် တိုင်းရင်းသား တွေပါ အများအပြား သွား
ရောက် ပြောင်းရွှေ့ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

BBC

မှတ်ချက်များ