ကလိုထူးဘောအဖွဲ့ပိုင် ရုံးနဲ့အိမ်တွေကို ဖျက်စီးလို့ အိုးအိမ်ကို တရားစွဲမယ်


ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က DKBA အဖွဲ့ပိုင် ကုန်သွယ်ရေးနဲ့ စီးပွားရေးရုံးအပါအဝင် ဓမ္မာရုံနဲ့ အိမ်တွေ
နိုဝင်ဘာ ၂၅ရက်မှာ ဖျက်ဆီးခံခဲ့ရတဲ့ကိစ္စ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA (ကလိုထူးဘော) တပ်ဖွဲ့က မြန်မာအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ ဒီဇင်ဘာ ၄ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အိုးအိမ်၊ စည်ပင်နဲ့ ထွေအုပ်တို့ ဘာလို့ ဖျက်တာလဲ။

မြေတိုင်းရပ်ကွက် ၁၂ဝ အေ၊ ကွင်းအမှတ် ၄၇၃၊ ကံဝိုင်းကွင်း ဦးပိုင်အမှတ် ၂/၂ကို အထက်အမိန့်အရဆိုပြီး အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာ ကော်မတီနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးတို့က ဖျက်ဆီးခဲ့တဲ့ကိစ္စ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဝန်ကြီးဦးအောင်မင်းတို့ ဘယ်လိုဖြေရှင်းပေးမှာလဲလို့ သဘောထားထုတ်ပြန်ချက် ထဲ ဖော်ပြခဲ့ပါတယ်။

ကလိုထူးဘော တပ်ဖွဲ့အနေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး အကျိုးခံစားခွင့်ရှိအောင် ငြိမ်းချမ်းရေးဖော်ဆောင် မှုကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လယ်သမားတွေဆီက မြေကိုဝယ်ပြီး အိမ်ရာတွေကို အများပြည်သူအ တွက် အကွက်ဖော်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချခဲ့တာ ဖြစ်တဲ့အကြောင်း၊ အခုလို ဖျက်စီးခံခဲ့ရတဲ့ကိစ္စဝယ် ယူသူတစ်ယောက်အနေနဲ့ ဆုံးရှုံးမှုကို မတွက်ချက်နိုင်သေးပေမယ့် ခန့်မှန်းခြေ သိန်း ၆ဝလောက် ပျက်စီး သွားတယ်လို့ အိမ်ရာ အရစ်ကျဝယ်သူ ဒေါ်နီက ပြောပါတယ်။

ကလိုထူးဘောက တာဝန်ယူဖြေရှင်းပေးမယ်လို့ ဆိုပေမယ့် လျော်ကြေးထက် မြေကိုပဲ လိုချင်ပါတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရနဲ့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ပျက်ပြားပြိုကွဲသွားမယ်ဆိုရင် စည်ပင်သာယာနဲ့ ထွေအုပ် တို့ရဲ့ တာဝန်သာဖြစ်တယ်ဆိုတဲ့ စာသားနဲ့ပတ်သက်ပြီး ကလိုထူးဘော တပ်ဖွဲ့က ဒုဗိုလ် စိုးမြင့်က ပြော ပါတယ်။ ပျက်စီးဆုံးရှုံးမှုမှာ ကုန်သွယ်ရေး စီးပွားရေး ရုံးအပါအဝင် လူနေအိမ်၊ ဓမ္မာရုံ ၁၅လုံး ပျက်စီးခဲ့ပြီး အိုးအိမ်ကို ပထမဆုံး တရားစွဲသွားမယ်လို့ ပြောပါတယ်။



kamayutmedia

မှတ်ချက်များ