ဝေဖန်မှုများရှိနေခဲ့သော်လည်း အာဆင်နယ်အသင်းအား ၁၈နှစ်တာအတွင်း အကောင်းဆုံးကိုင်တွယ်နိုင်ခဲ့ကြောင်း အာဆင်ဝင်းဂါး ပြန်လည်တုံ့ပြန်

ရလဒ်များဆိုးရွားနေခြင်း ကြောင့် ပရိသတ်အချို့မှာ ရာ ထူးမှ ထုတ်ပယ်ရန် ဖိအားပေးခြင်းခံနေရ သည့် အာဆင် နယ်နည်းပြအာဆင် ဝင်းဂါးက ပရိသတ်များ၏ ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသော်လည်း ၁၈ နှစ်တာ အတွင်း အ သင်းအားအကောင်းဆုံးကာကွယ်တာဝန်ယူနိုင်ခဲ့ကြောင်း ပရိသတ်များအား ပြန်လည်တုံ့ပြန် ခဲ့သည်။ အာဆင်နယ် ပရိသတ် အချို့သည် ဝက်စ်ဘရွန်း အသင်းနှင့် ပွဲစဉ်တွင် အာဆင်ဝင်းဂါးအားအ သင်း မှ နှုတ်ဆက်ကြောင်း အဓိ ပ္ပာယ်ရ သည့် စာတန်းများ ကိုင်ဆောင်အား ပေးခဲ့သည့် အပေါ် နည်းပြအာ ဆင် ဝင်းဂါးမှ ယခုကဲ့သို့ ပြန်လည် တုံ့ပြန် ခဲ့ခြင်းဖြစ်သည်။


''နည်းပြဘဝကို ၁၉၈၃ မှစတင် ခဲ့တယ်ဆိုပေမယ့် ကိုင် တွယ်ခဲ့တဲ့ အသင်း တိုင်းကို ထိပ်တန်းအဆင့်ရောက်
အောင် စွမ်းဆောင်ပေးနိုင်ခဲ့ တာချည်းပါပဲ။ နည်းစနစ်၊ နည်းဗျူ ဟာကျကျနဲ့ အကောင်းဆုံး တာဝန် ယူနိုင်ခဲ့ပါ တယ်။ ဒီလိုသာမန်အသင်း တွေကို ထိပ်တန်းအဆင့်ကို ရောက် အောင် တာဝန်ယူ ကိုင်တွယ်နိုင် ဖို့ဆို တာ တော်ရုံနည်းပြမျိုးနဲ့ မရနိုင်ပါ ဘူး။ အာဆင်နယ်အသင်း မှာလည်း တင်ပြခဲ့တဲ့ စံချိန်တွေကို ပြန် ကြည့် နိုင်ပါတယ်။ ရှုံးပွဲမရှိချန်ပီယံ၊ ချန်ပီ ယံလိဂ် ရှုံးထွက်အဆင့် ကို ၁၆ နှစ် ဆက်တိုက် တက်နိုင်ခြင်းေ တွကိုလုပ် ဆောင်နိုင်ခဲ့တာတွေက သက်သေတွေ ပါပဲ''အာဆင် နယ်နည်းပြ အာဆင် ဝင်းဂါးက မီဒီယာများ ထံ ဖွင့်ဟ ပြောကြားသွားခဲ့သည်။

အာဆင်နယ်အသင်း ပရိသတ် များသည် ပရီးမီးယားလိဂ်တွင် နှစ်ပွဲ ဆက်တိုက် အရေးနိမ့်ခဲ့ခြင်းကြောင့် အာဆင်ဝင်းဂါးအားရာထူးမှနုတ် ထွက်ရန် ဖိအားပေး တောင်းဆိုခံနေ ရခြင်းဖြစ်သည်။ ဝက်စ်ဘရွန်း အ သင်း နှင့်ပွဲစဉ်တွင် အာဆင်နယ် ပရိသတ် အချို့သည် နည်းပြအာဆင်ဝင်းဂါး အနေဖြင့်အသင်းအား နှုတ် ဆက်ရမည့် အချိန်ရောက်ရှိ ပြီဟူသည့် စာသားပါပိုစတာအား ကိုင်ဆောင် အားပေးခဲ့ခြင်းဖြစ်သည်။ အာ ဆင်ဝင်းဂါးသည် အာဆင်နယ်အသင်းအား ၁၉၉၆ခုနှစ်တွင် စတင်တာဝန် ယူခဲ့သူဖြစ်ပြီး မကြာသေးမီ ကာ လက အသင်း နှင့် သုံးနှစ်စာချုပ် ချုပ်ဆိုထားသူဖြစ် သည်။

ထို့ပြင် အာဆင်ဝင်းဂါးက မိမိတာဝန်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ကြောင်း၊ အာဆင်နယ် အသင်းအနေ
ဖြင့် အောင်မြင်မှုများ ပြန်လည်ရရှိလာမည်ကို ယုံကြည်ကြောင်းနှင့် အသင်းအားပြန်လည် တည်ဆောက် သွားမည်ဖြစ် ကြောင်း ထပ်လောင်းပြော သွားခဲ့သည်။

Democracytoday‬

မှတ်ချက်များ