![]() |
| ထိုင်းအစိုးရ ရှေ့နေအဖွဲ့မှ တာဝန်ရှိသူများက အမှုတွဲတင်ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားပေးနေစဉ် |
မြန်မာလုပ်သားနှစ်ဦးအား တရားစွဲဆိုရာတွင် စာမျက်နှာ ၈၀၀ ကျော်ပါသည့် အမှုတွဲကို ထိုင်းနိုင်ငံအစိုး ရရှေ့နေများအဖွဲ့က လက်မှတ်ထိုး၍ ကော့စမွီခရိုင် တရားသူကြီးထံသို့ တင်သွင်းခဲ့ပြီး တရားသူကြီးက လက်ခံစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က 7Day သို့ ပြော သည်။
‘‘ပုဒ်မ ခုနစ်ခုနဲ့ တရားရုံးတင်လိုက်ပါတယ်။ ဒီနေ့မှာ တရားခံတွေကို ထုတ်မပြပါဘူး။ ပုဒ်မတွေလည်း မပြောပါဘူး။ ဒါပေမဲ့ ပုဒ်မခုနစ်ခုနဲ့ တရားစွဲလိုက်တယ်ဆိုတာတော့ ပြောတယ်။ လာမယ့် တနင်္လာနေ့မှာ တရားခံတွေကို ပြသမယ်လို့ ပြောပါတယ်’’ ဟု ဦးအောင်မျိုးသန့်က ပြောသည်။
ယခင်ထိုင်းအစိုးရရှေ့နေအဖွဲ့မှ တင်ပြသော အမှုတွဲမှာ မပြည့်စုံသဖြင့် တရားသူကြီးက လက်မခံခဲ့ဘဲ ယနေ့တွင်မှ လက်ခံခဲ့ခြင်းဖြစ်သည်။
7day

မှတ်ချက်များ