ထိုင်းမြန်မာဇာတ်ကား ဘယ်လိုအချစ်မျိုးလဲ ဘယ်တော့ကြည့်ရမှာလဲ
မြန်မာ့ရုပ်ရှင် အရည်အသွေးမြင့်မားဖို့နဲ့ နိုင်ငံတကာအဆင့်ဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းရိုက်ကူးခဲ့တဲ့ ဘယ်လိုအချစ်မျိုးလဲဇာတ်ကားကို ရန်ကုန်မှာ ဒီဇင်ဘာ ၁၆ရက်နေ့က သတင်းမီဒီ ယာတွေကို ဖိတ်ကြားပြသခဲ့ပါတယ်။ မြန်မာနဲ့ထိုင်းသရုပ်ဆောင်နှစ်ဦးကြားက ချစ်ခြင်းမေတ္တာဘွဲ့ ဒီဇာတ် ကား ဘယ်တော့ရုံတင်ပြသမှာလဲ။
Media 7 နဲ့ Kantana JK ထုတ်လုပ်ရေးနှစ်ခု ပူးပေါင်းပြီး ထိုင်းဒါရိုက်တာ နှစ်ချာယ ရိုက်ကူးတည်းဖြတ်တဲ့ ဒီဇာတ်ကားမှာ မြန်မာသရုပ်ဆောင် အောင်နိုင်စိုးနဲ့ ထိုင်းမင်းသမီး ကရဗီကယောက်တို့ ဦးဆောင်ပါဝင် ထားပါတယ်။ ဘယ်လိုအချစ်မျိုးလဲဇာတ်ကားရိုက်ဖို့ ထိုင်းနိုင်ငံနဲ့ ပူးပေါင်းခဲ့တာဟာ ထိုင်းနည်းပညာ အကူ အညီနဲ့ မြန်မာဇာတ်ကား အရည်အသွေးကောင်းအောင်လုပ်ဖို့ဖြစ်တယ်လို့ ဦးထွန်းနေစိုးက ပြောပါတယ်။
မှော်ကျောက်စာဇာတ်ကားကို ပထမဆုံး ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ဘယ်လိုအချစ်မျိုးလဲဇာတ်ကားကို စမ်း သပ်ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်တဲ့ အောင်နိုင်စိုးက သူ့အ တွက် ပထမဆုံးအတွေ့အကြုံဖြစ်ပြီး ဘာသာစကားကွာခြားလို့ အခက်အခဲရှိတဲ့အကြောင်း၊ ဒါပေမယ့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရိုးသားတဲ့ လုပ်ကိုင်စားသောက်ပုံကို ပေါ်လွင်စေတာမို့ ပီတိဖြစ်ရပါတယ်လို့ ပြောပါတယ်။
လာမယ့် ဇန်နဝါရီ ၂ရက်နေ့ကျရင် မြန်မာနိုင်ငံမှာ ရုံတင်ပြသမယ့် ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ချို့ မြန်မာပရိသတ်အနေနဲ့ ကြည့်ရှုဖို့မသင့်လို့ ဆင်ဆာဖြတ်တောက်မှုတွေ ရှိခဲ့ပြီး နိုင်ငံခြားဇာတ်ကားဆိုတာ ပရိသတ်တွေ နားလည်ပေးစေချင်တယ်လို့ ဆိုပါတယ်။
မြန်မာသရုပ်ဆောင်နဲ့ ပထမဆုံး တွဲဖက်ရိုက်ကူးရလို့ အရမ်းကိုစိတ်လှုပ်ရှားရတယ်လို့ ဆိုလာသူက ထိုင်း မင်းသမီး ကရာဗီကယောက်ပါ။ ဒီဇာတ်ကားဟာ နိုင်ငံမတူ၊ ဘာသာစကားမတူပေမယ့် အချစ်မှာ ကွာခြား မှုမရှိဘူးလို့ ဆိုပါတယ်။ ကမာရွတ်မီဒီယာ ပရိသတ်လည်း ဒီဇာတ်ကားကို လာကြည့်စေချင်ပြီး ကြိုက်မှာ ပါလို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ