နော်ဝေတက္ကသိုလ်တစ်ခုနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုပညာ (မဟာတန်း) ဖွင့်လှစ်မည်


နော်ဝေနိုင်ငံရှိ Norwegian University of Science and Technology နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ် တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုပညာ (မဟာတန်း) Master of Management Programmer ကို ၂၀၁၅ခုနှစ် မတ် လတွင် ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ပညာရေးပြုပြင် ပြောင်းလဲမှုတွင် နော်ဝေနိုင်ငံရှိ အဆင့်မြင့်ပညာကဏ္ဍမှ အဖွဲ့အစည်းများက လာရောက် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကနှင့် စီးပွားရေး လုပ်ငန်း ကဏ္ဍ များ အတွက် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို များစွာအထောက် အကူပြုနိုင်မည်ဟု ယုံကြည်ကြ ကြောင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အနေဖြင့်လည်း နော်ဝေတက္ကသိုလ်နှင့် ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်နိုင်မှုကို ဂုဏ်ယူကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက ပြောကြားခဲ့သည်။

အဆိုပါ မဟာဘွဲ့ကို နော်ဝေတက္ကသိုလ်မှ ချီးမြှင့်မည်ဖြစ်ပြီး သင်တန်းကို နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ပါမောက္ခများက နိုင်ငံတကာ စံနှုန်းမီ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားပို့ချသွားမည် ဖြစ်သည်။ သင်တန်း တွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ICT စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်များ ပါဝင်မည် ဖြစ်ပြီးစီမံခန့်ခွဲမှု ဘာသာရပ်ကို အဓိကထား သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။

InternetJournal

မှတ်ချက်များ