တရုတ်နယ်စပ်တွင် အမေရိကန် နိုင်ငံသား ပရဟိတ ၀န်ထမ်း တစ်ဦး ဖမ်းဆီးခံရ
မြောက်ကိုရီးယားနှင့် ထိစပ်နေသော တရုတ် နယ်စပ်နားတွင် အခြေစိုက်ပြီး ပရဟိတ လုပ်ငန်းများ လုပ် ကိုင်နေသော အမေရိကန် နိုင်ငံသား ခရစ်ယာန် ဘာသာဝင် ပရဟိတ ၀န်ထမ်း တစ်ဦးအား တရုတ် အာ ဏာပိုင်များ က ဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း ပရဟိတ ၀န်ထမ်း၏ ရှေ့နေက စနေနေ့ တွင် ပြောဆိုခဲ့ သည်။
မြောက်ကိုရီးယား နွယ်ဖွား အမေရိကန် နိုင်ငံသား ပီတာဟန်းသည် ငွေပြေစာများ အတု လုပ်မှု၊ ငွေကြေး လိမ်လည်မှု များဖြင့် ဖမ်းဆီးခံခဲ့ ရကြောင်း ၎င်း၏ ရှေ့နေ ကျန်း ဖျဟောင်က ပြောဆိုခဲ့သည်။ တောင်ကိုရီး ယား နိုင်ငံသားများ စီမံ အုပ်ချုပ် နေသည့် ခရစ်ယာန် ပရဟိတ အဖွဲ့အစည်း များသည် တရုတ်နှင့် မြောက် ကိုရီးယား နယ်စပ် တစ်လျှောက်တွင် လုပ်ငန်းများ လည်ပတ်လျက်ရှိ နေသည်။ သို့သော် တရုတ် အစိုးရ သည် နိုင်ငံခြား သာသနာပြုများ နိုင်ငံတွင်း လုပ်ငန်း လုပ်ဆောင်ခြင်းကို ပိတ်ပင် ထားပြီး မြောက်ကိုရီး ယားမှ ထွက်ပြေး လာသည့် ဒုက္ခသည် များအား ဖမ်းဆီးမည် ဖြစ်ကြောင်း ကြွေးကြော်ထား သဖြင့် ၎င်းပရဟိတ အဖွဲ့များသည် မြေအောက် အဖွဲ့များ အဖြစ် လှုပ်ရှားနေခဲ့ ရသည်။
ဟန်းသည် ၁၉၉၀ ခုနှစ် များမှ စပြီး နယ်စပ်မြို့ တူမန်တွင် အခြေစိုက်ကာ ပရဟိတ လုပ်ငန်း များကို လုပ်ကိုင် နေခြင်း ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံသားများနှင့် ထွက်ပြေး လာသည့် ဒုက္ခသည် များကို အကူအညီ ပေးရန် ခရစ်ယာန် အန်ဂျီအို အဖွဲ့ တစ်ခုကို တည်ထောင် ခဲ့သည်။ ထို့ပြင် ၎င်းသည် ၂၀၀၂ ခုနှစ်မှ စပြီး ဒေသခံ ဆယ်ကျော်သက်များ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်း တစ်ခုကို တည်
ထောင် ခဲ့သည်။ မကြာသေးမီ လများ အတွင်း ဟန်၏ ပရဟိတ အဖွဲ့နှင့် ပတ်သက်မှု ရှိသော နိုင်ငံခြား သား ၀န်ထမ်း များကို မိခင်နိုင်ငံ များသို့ အတင်းအကြပ် ပြန်ပို့ ခဲ့ကြောင်း သတင်းအရင်း အမြစ် တစ်ခုက
အေအက်ပီဖ် သတင်းဌာနသို့ ပြောဆိုခဲ့သည်။
messenger

မှတ်ချက်များ