ဗုဒ္ဓ ရုပ်ပွားတော်ပုံ မှာ VGastro.bar, Buddha bar လို့ ရေးပြီး Ear Phone ကို ရုပ်ပွားတော် နားတော် မှာ တပ်တဲ့ ဒီဇိုင်း ဆွဲလို့ ဗဟန်း ရွှေတောင်ကြား လမ်းက VGastro Bar ဆိုင် ကို အရေးယူ ခဲ့ပါတယ်။
အဲဒိ ဗုဒ္ဓ ရုပ်ပွားတော်ပုံ ကို VGastro Bar အထွေထွေ မန်နေဂျာ နယူးဇီလန် နိုင်ငံ သား Philip Blackwood က လူမှုကွန်ယက် မှာ ဖော်ပြခဲ့ တာ ဖြစ်ပြီး ဒီရုပ်ပုံ
ကြောင့် ဒေါသတကြီး တုံ့ပြန်မှုတွေ ရခဲ့ပါတယ်။
ဒီဇင်ဘာ ၁၁ ရက် နေ့ ၁၂ နာရီ က ဗဟန်း တရား ရုံး မှာ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင် နဲ့ Philip Blackwood တို့ကို ရုံးထုတ် စစ်ဆေး ပါတယ်။
သူတို့(၃) ဦးကို သာသနာ အကြည်ညို ပျက်အောင်လုပ်မှု၊ သာသနာ ညှိုးနွမ်းစေမှု တွေနဲ့ ရုံးထုတ် စစ်ဆေး
ပြီး အင်းစိန် အကျဉ်းထောင် ကို ပို့လိုက်ပါတယ်။
လာမယ့် ဒီဇင်ဘာလ (၁၈)ရက် မှာ ဒီအမှုကို ဆက်လက် စစ်ဆေးမယ် လို့ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)

မှတ်ချက်များ