ရေထွက်ပို့ကုန် ကဏန်းနှင့် ငါးရှဥ့်တင်ပို့မှု တစ်နှစ်လျှင် ဒေါ်လာသန်း ၈၀ ခန့်ရရှိ

မြန်မာနိုင်ငံ၏ ရေထွက်ပို့ကုန် လုပ်ငန်းများတွင် ကဏန်းနှင့် ငါးရှဥ့်တင်ပို့မှုသည် တစ်နှစ်လျှင် ဝင်ငွေ အမေ ရိကန်ဒေါ်လာ သန်း ၈၀ ခန့် ရရှိကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

တစ်နှစ်လျှင် ကဏန်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀ နှင့် ငါးရှဥ့်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၀ စီ ဝင်ငွေရရှိခြင်းဖြစ်ပြီး ရေထွက်ပို့ကုန်များသည် အခြားရေလုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက ပြင် ပဈေးကွက် အခိုင်အမာ ရရှိထားကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောကြားသည်။

ယင်းလုပ်ငန်းများသည် နိုင်ငံခြားသား ဈေးကွက်ရရှိထားပြီး ဖြစ်သောကြောင့် အဆင့်မြှင့်တင်ရန် လိုအပ် ပြီး မြန်မာနိုင်ငံတွင် အဆိုပါလုပ်ငန်းများ အကြီးစား ထုတ်လုပ်သော လုပ်ငန်းများမှာ ရန်ကုန်မြို့တွင် သုံး ခုနှင့်မြိတ်မြို့တွင် သုံးခုသာရှိကြောင်း ၎င်းက ပြောဆိုသည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြား ဝင်ရောက်မှု များပြားလာခြင်းကြောင့် ရန်ကုန်မြို့တော်နှင့် မန္တလေး မြို့တော်တို့တွင် ရောင်းချမှုပမာဏ နှစ်စဉ် တိုးတက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများနှင့် အာရှနိုင်ငံများကို အများဆုံးတင်ပို့ကြောင်း မြန်မာနိုင်ငံ ကဏန်းလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

The Voice

မှတ်ချက်များ