ကမ္ဘာ့အစောဆုံး ကျောက်ဖြစ်ရုပ်ကြွင်းလက်ရာကို အင်ဒိုနီးရှားမှာတွေ့ရှိ
အင်ဒိုနီးရှားမှာ တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ယောက်သွားခွံပေါ်က ခြစ်ရာတွေဟာ ကမ္ဘာ့ အစောဆုံး
ရှေးဦး လူသားရဲ့ လက်ရာ ဖြစ်နိုင်တယ်လို့ လေ့လာမှု တစ်ခုက ပြောပါတယ်။
အဲဒီ ယောက်သွားခွံပေါ်က ခြစ်ရာတွေဟာ သက်တမ်းအားဖြင့် အနည်းဆုံး နှစ်ပေါင်း ၄ သိန်း ၃ သောင်း ရှိပြီ ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ကွယ်ပျောက်သွားပြီ ဖြစ်တဲ့ Homo erectus ဆိုတဲ့ ရှေးဦး လူ့မျိုးနွယ်ဝင် တစ်ဦးရဲ့ လက်ရာ ဖြစ်နိုင်တယ်လို့ အဲဒီ လေ့လာမှုက ဆိုပါတယ်။
ဒီ့အရင်က တွေ့ရှိထားတဲ့ အစောဆုံး လူလုပ် လက်ရာကတော့ နှစ်ပေါင်း ၁ သိန်း ၃ သောင်း သက်တမ်း ရှိတဲ့ ခြစ်ရာတွေ ဖြစ်ပါတယ်။
အခု တွေ့ရှိမှုကို အတည်ပြုနိုင်မယ် ဆိုရင်တော့ လူသားတွေရဲ့ ယဉ်ကျေးမှုတွေ ဘယ်လို တိုးတက် ဖွံ့ဖြိုးလာသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ဖို့ လိုလာမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
BBC(Burmese)


မှတ်ချက်များ