အိုဘားမားနှင့် မိသားစုတို့ အမျိုးသားခရစ္စမတ်သစ်ပင်၌ မီးထွန်းညှိခြင်းဖြင့် ခရစ္စမတ်ကာလကိုဖွင့်လှစ်

သမ္မတဘားရက်အိုဘားမားနှင့် မိသားစုတို့သည် အမျိုးသားခရစ္စမတ် သစ်ပင်၌ မီးထွန်းညှိမှုကို ကြာသပ
တေးနေ့က ပြုလုပ်ခဲ့ကာ ခရစ္စမတ် နှစ်ပတ်လည် ပူဇော်ပွဲကို အိမ်ဖြူတော် အနီး၌ စတင်ခဲ့ကြသည်။

ဤမီးထွန်း ညှိပွဲတွင် ဂီတဖျော်ဖြေပွဲလည်းပါဝင် ခဲ့ရာ အဆိုတော် ပက်တီလာဘဲလီ နှင့် စတိဗ်မီလာတို့က
ဖျော်ဖြေခဲ့ သည်။

အိုဘားမားနှင့်ဇနီး၊ သမီးများ နှင့်အတူ ယောက္ခမလည်းပါဝင်သည်။ အိုဘားမားက ခရစ္စမတ်ကာလအ တွင်း မိသားစုနှင့် ဝေးကွာလျက်ရှိနေ ကြသည့် အမေရိကန်စစ်သားများ အား ကျေးဇူးတင်ရှိကြောင်းနှင့် ဆု တောင်းမှုများကို ပြုလုပ်ခဲ့သည်။

ဤခရစ္စမတ်အချိန်အခါ၌ မိမိ တို့က ဘုရားသခင်ထံ၌ ဆုမွန်ကောင်း တောင်းပါကြောင်း၊ မိမိတို့၏ စစ်သား၊ စစ်သမီးများကို ကျေးဇူးတင်ပါကြောင်း၊ သူတို့ကလည်း ဆုမွန်ကောင်းတောင်း ကြလိမ့်မည်ဖြစ်ကြောင်း အိုဘားမား က ပြောခဲ့သည်။

မိမိတို့က တစ်ဦးအပေါ်တစ်ဦး ချစ်ခင်မှုကိုခိုင်မြဲသကဲ့သို့ စစ်သားမိ သားစုများကလည်း အဝေးမှာရှိနေသော
မိသားစုတစ်ဦးအတွက် မိမိ အိမ်မှချစ်ခင်မှုများကို ပေးကြမည် ဖြစ်ကြောင်း၊ ၄င်းတို့မှာ ကျွန်ုပ်တို့ သူရဲ
ကောင်းများဖြစ်ကြကြောင်း၊ ၄င်း တို့အား ကျွန်ုပ်တို့က နှလုံးသားထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ စိတ်ပါလက်ပါထောက်ခံကြောင်း အို ဘားမားက ပြောကြားခဲ့သည်။

ဤခရစ္စမတ်မီးထွန်းပွဲအား သ ရုပ်ဆောင်မင်းသား တွမ်ဟန့်စ်နှင့် ဇနီး အဆိုကျော်သရုပ်ဆောင် ရီတာဝီလ် ဆင်တို့ တက်ရောက်ခဲ့ပြီး၊ အခြား အနုပညာရှင်များမှာ အဆိုတော် NE-YO၊ ပေါ့အဆိုတော် Nico & Vinz တင်နာအဆိုတော် အုပ်စုနှင့် ကျေးလက်ဂီတအဆိုတော် ချေလီရိုက် တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒီမိုကရေစီတူဒေး

မှတ်ချက်များ