CO₂ ထုတ်လွှတ်မှုကြောင့် ကမ္ဘာ့ရာသီဥတု ပျက်စီးရန် ဆယ်နှစ်မျှသာလိုဟု သိပ္ပံပညာရှင်များဆို
ကမ္ဘာကြီးပူနွေးလာခြင်း၏ သက်ရောက် မှုကို ခံစားရရန်မှာ ဆယ်စုနှစ်အတန်ကြာ ဦးမည်ဟု သိပ္ပံပညာ ရှင်အတော်များများက ဆိုကြသည်။
သို့ရာတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ် (CO₂) ထုတ်လွှတ်မှုကြောင့် ကမ္ဘာ့ ရာသီဥတုပြောင်းလဲ ပျက်စီး ရန်မှာမူ ဆယ် နှစ်မျှသာကြာမည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည်။
ယနေ့ CO₂ ထုတ်လွှတ်မှုကြောင့် ဖြစ် ပေါ်လာသည့် ရာသီဥတု ပျက်စီးပြောင်းလဲ မှု၏ အကျိုးသက်ရောက် မှုကို အနာဂတ်မျိုး ဆက်များ ခံစားရမည် ဆိုသော အယူအဆ မှာလွဲမှားသော အယူအဆဖြစ်သည်ဟုဆို ကာ ဝါရှင်တန်အခြေစိုက်သုတေသီများ က ပယ်ချလိုက်သည်။
ကမ္ဘာကြီးပူနွေးမှုသည် ရာစုနှစ်တစ်စု ကျော်ကျော်ကြာ ဖြစ်နေနိုင်သည်ဆိုသည် ကို အကျိုးဆက်ရလဒ်များ က ညွှန်းဆိုနေ မည်ဖြစ်သကဲ့သို့ CO₂ ထုတ်လွှတ်မှုကြောင့် ရာသီဥတုပျက်စီးပြောင်းလဲမှုနှင့် ရာသီဥတု
ပြောင်းလဲပျက်စီးမှု၏ အကျိုးဆက်ကိုလည်း ကောင်း၊ CO₂ ထုတ်လွှတ်မှု ဖြတ်တောက် လျှော့ချမှုကြောင့်
ဖြစ် ပေါ်လာမည့် အကျိုးရလဒ်ကိုလည်း ကောင်း နောင်အနာဂတ်မျိုးဆက် များကာလသို့ ရောက်မှသာ ခံစားရ မည်မဟုတ်ဘဲ လက်ရှိမျိုးဆက် လောလော လတ်လတ်မှာပင် ခံစား ရမည်ဖြစ်သည်ဟု သုတေ သီတို့က ဆိုသည်။
CO₂ ထုတ်လွှတ်မှုကို ဖြတ် တောက်လျှော့ချနိုင်လျှင် ကမ္ဘာ ပူနွေးလာသည်ကို လျှော့ချနိုင်မည် ဖြစ်ပြီး မိုးခေါင်ခြောက်သွေ့ခြင်း၊ အ ပူလှိုင်းများ ကျခြင်းနှင့်ရေလျှံခြင်းတို့ ကဲ့သို့သော အစွန်းရောက်ရာသီဥ တု ဖြစ်ပေါ်မှုကို ရှောင်လွှဲနိုင်မည်ဆို သည်ကို ကာနေဂျီသိပ္ပံအင်စတီကျု အရ သိရ၏။
မည်သို့ပင်ဖြစ်စေ ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာခြင်း၊ ရေခဲ များအရည်ပျော်ခြင်း၊ ဂေဟစနစ်ကြာ ရှည်လေးမြင့် ပျက်စီးနေခြင်းတို့ကဲ့ သို့သော ရာသီဥတုပူနွေးလာခြင်း၏ အကျိုးဆက်များသည် နှစ်ရာဂ ဏန်း သို့မဟုတ် ထောင်ဂဏန်းကျော်လွန် သည်အထိ ဖြစ်မနေနိုင်ဟု သုတေ သီများက ဆိုကြသည်။
Democracytoday

မှတ်ချက်များ