တစ်နေ့ coke ဆယ်ဘူးသောက်တဲ့ အမျိုးသား
အမေရိကန် လော့စ်အိန်ဂျလိစ်မြို့မှာနေထိုင်တဲ့ ဂျော့ခ်ျပရိုင်ယာလို့အမည်ရှိတဲ့ အမျိုး သားတစ်ဦးဟာ သကြားဓာတ်ပါတဲ့ ကိုကာကိုလာသံဘူး၁ဝဘူး ကို နေ့စဉ်သောက် သုံးခဲ့ပါတယ်။ဂျော့ခ်ျဟာအိမ်ထောင် သည် တစ်ဦးဖြစ်ပြီး ကလေး နှစ်ယောက်ရဲ့ဖခင်ဖြစ်ပါတယ်။
ဒီလို coke သံဘူး ၁ဝဘူး နေ့စဉ်သောက်သုံးခဲ့ရာကနေ တစ်လ ကြာအရောက်မှာတော့ ကိုယ်အလေး ချိန် နှစ်စတုံတက်လာခဲ့ပါတယ်။ ဂျော့ခ် က ''ကျွန်တော်ကတော့ တခြားလူ တွေကို သူတို့နဲ့ အစားအ
သောက် တွေမှာ သကြားထည့်စားဖို့ တိုက်တွန်း ချင်ပါတယ်။ သကြားဓာတ်က သူတို့ ရဲ့ကျန်းမာရေးကို အထောက်အကူ ပေးတယ်ဆိုတာကို သတိပြုမိစေချင် ပါတယ်''လို့ ပြောလိုက်ပါတယ်။
တစ်လအတွင်းမှာ ၂၃ ပေါင် အလေးချိန်တိုးလာတဲ့ ဂျော့ခ်ျ ဟာ သွေးဖိအားလည်း မူလက ၁၂၉/ ၇၇ရှိခဲ့ရာ က ၁၄၅/၉၆အထိ တိုး လာခဲ့တယ်လို့ ဆိုပါတယ်။
ဂျော့ခ်ျဟာ အောက်တို ဘာလအတွင်းက ကျန်းမာရေးစစ် ပြီး ကိုယ်အလေးချိန်ချိန်ခဲ့တုန်းက ၁၂စတုံရှိပေ မယ့် အခု ၁၄စတုံဖြစ် သွားပါပြီလို့ ဆိုပါတယ်။
Yangon Media Group

မှတ်ချက်များ