Grand Royal ရှိုးတွင် ဝတ်စားဆင်ယင်မှုကြောင့် ဖျော်ဖြေမှု ခတ္တရပ်ဆိုင်းခဲ့ရသည့် အမွန်း
ဒီဇင်ဘာ၂၀ရက် ညက မျှော်စင်ကျွန်း၌ ကျင်းပခဲ့သည့် Grand Royal ဖျော်ဖြေပွဲတွင်အဆိုတော်အမွန်း၏ ဝတ်စားဆင်ယင်မှုကြောင့်၎င်း၏ ဖျော်ဖြေ မှု ခတ္တရပ်ဆိုင်းခဲ့ရသည်ဟု အဆိုတော် အမွန်းက မဇ္ဈိမကိုပြော သည်။
''ဒီပွဲကို Grand Royal က ဖိတ်ကြားချက်နဲ့ ဆိုဖြစ်တာပါ။ အမွန်း သီချင်းဆိုနေတဲ့ အချိန်မှာ အနောက်က ပွဲစီစဉ်တဲ့သူက လာခေါ်ပြီး အ၀တ်အစားချက်ချင်းလဲခိုင်းတယ်။ ပြီးတော့ ဆင်ဆာထိထားတယ်ဆိုတဲ့ သ တင်းစာကို ဖုန်းထဲကနေ ပြတယ်။
အဲလိုမျိုးတွေ အမွန်းဘာမှမသိပါဘူး။ သတင်းစာလည်း မဖတ်အားပါဘူး။ ဒီအ၀တ်အစားက သီချင်းနဲ့ လိုက်ဖက်မဲ့ သရုပ်ဖော်လည်းပါတဲ့အတွက် သဘော ကျလို့ဝတ်တာပါ ။ပေါက်စေချင်တဲ့သဘောမျိုးထွင်ပြီး ၀တ်တာလည်းမဟုတ်ပါဘူး။
အမွန်းဒီ လိုဝတ်စားဆင်ယင်တာကိုပရိသတ်ကလက်ခံခဲ့ပေမယ့်လူတစ်ချို့အမြင်မှာဆန်းကြယ်နေပြီး လက် မခံနိုင်ဖြစ်နေတယ်။ ပရိသတ်အနေနဲ့ အမွန်းကို အားပေးကြပြီး ၀တ်စားဆင်ယင်မှုအတွက် သတိတောင်မ ထားမိကြပါဘူး''ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၂၀ရက် ညက သီဆိုသည့် အဆိုတော်များထဲတွင် အဆိုတော် အမွန်းက ပွဲဦးထွက် သီဆိုခဲ့ခြင်း
ဖြစ်ပြီး သူက သီချင်းတစ်ပုဒ် အပြီး နောက်တစ်ပုဒ် ဆိုမည့် အချိန်တွင် ပွဲစီစဉ်သူက လာရောက်ခေါ်သွား ခဲ့ခြင်းဖြစ်ပြီး သူမအပြီး မကြာမီက အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ သီချင်းခွေ ထွက်ရှိထားသည့် အဆိုတော် ဇွဲပြည့်က သီဆိုခဲ့သည်။ သူ၏ သီဆိုမှု အပြီးတွင် အမွန်းက အဝတ်အစား အသစ်လဲ လှယ်ကာ
ပြန်လည်ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။
သူမ နောက်တစ်ကြိမ် စင်ပေါ်သို့ အတက်တွင် "အမွန်းအဝတ်အစားလဲပြီး ပြန်တက် လာပါပြီ"ဟု ပရိတ် သတ်များကို အမွန်းက အသိပေးခဲ့သည်။
ယင်းဖျော်ဖြေမှုနှင့် ပတ်သက်ပြီး ၎င်းက "အမွန်းသီချင်းဆိုတဲ့ အချိန်မှာ တော်တော့် ကို စိတ်အနှောင့်အ ယှက်ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်က အညာခံလိုက်ရလို့ပါပဲ။
ဒီပွဲမှာ အမွန်း ဖျော်ဖြေမှုအတွက် သီချင်းလေးပုဒ်ကို အသေအချာအတိကျတိုက်ပြီး လုပ်ထားတာပြီး ပရိ သတ်ကို ဒီလိုဖျော်မယ်ပေါ့။ ဒါပေမယ့် လက်တွေ့မှာ အမွန်းဆိုရတာ သီချင်းသုံးပုဒ်နဲ့ အဖြတ်ခံလိုက်ရပါ တယ်။ အဲဒီအတွက်ကိုယ့်ကိုကိုယ်တောင် မသိလိုက်ပါဘူး။သီချင်းကရပ်သွားတော့ဆက်ဆိုရမှာ လားဆို
တော့ပြီးသွားပြီလို့ပြော ပါတယ်။ နောက်ဆိုရင် အမွန်း ဖျော်ဖြေတဲ့အခါမှာ ပရိသတ်မျက်နှာကိုပဲကြည့်ပါ မယ်။ ကျန်တာကို အမွန်း ဂရုစိုက်မှာ မဟုတ်တော့ပါဘူး။ဒီပွဲအမွန်းအတွက်သင်ခန်း စာလည်းရခဲ့ပါတယ်။
နောက်ဆို ၀တ်စားဆင်ယင်မှုအပိုင်းနဲ့ ပက်သက်ပြီး ဆင်ခြင် ပါ့မယ်ဆိုတာကို ပရိသတ်ကိုလည်း တောင်း ပန်ပါတယ်။ အခုဝတ်တဲ့ ဝတ်စုံဒီဇိုင်း က ဟောလိဝုဒ်အဆိုတော်တွေ ဝတ်ဆင်မှုကို သဘောကျပြီး ၀တ်ခဲ့ တာပါ"ဟု အဆိုတော်အမွန်း ကပြောသည်။
အဆိုပါဖျော်ဖြေပွဲတွင် အဆိုတော်အမွန်းသည် "ရည်းစား၊ မင်းပေးတဲ့အချစ်နှင့် ဂိုးပါနိုးပါဒိုးပါ "သီချင်းများ
ဖြင့် သီဆိုခဲ့ခြင်းဖြစ်သည်။၎င်း၏"မင်းပေးတဲ့အချစ်" ဒီဗီဒီကို စက်တင်ဘာ၂၂ရက်တွင် ထွက်ရှိရန် ပြင်ဆင် ထားသော်လည်း" မင်း အိပ်မက်ထဲက"သီချင်းသည် အမေရိကန်နိုင်ငံလော့အိန်ဂျလိစ် ကမ်းခြေတွင်ရိုက် ကူးရာ၌ ခြေသလုံးများ ပေါ်ခဲ့ခြင်းကြောင့် ဆင်ဆာငြိခဲ့ရာ ပြန်လည်ပြင် ဆင်ပြီး အောက်တိုဘာ၃ရက်၌ ထွက်ရှိခဲ့ရသည်။
အဆိုတော်အမွန်းသည် Me and Ma Girl ၏ အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ၂၀၁၂ အစောပိုင်းအထိ ပြည်ပ၌ ရပ်တည်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ မင်္ဂလာပါမြန်မာဟူသည့် သီချင်းသည် ပြည်ပတွင် နာမည်ကျော်ခဲ့သည်။ ၂၀၁၂ခုနှစ် နောက်ပိုင်း အစိုးရသစ် လက်ထက်တွင် သမ္မတဦးသိန်းစိန် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြည်ပ
ရောက်မြန်မာ များ ပြည်တော်ပြန်သည့်အထဲတွင် အမွန်းတို့ အဖွဲ့လည်း ပါဝင်ခဲ့သည်။
သူဇာလင်း | မဇ္ဈိမ

မှတ်ချက်များ