ကြားဖူးတဲ့သတင်းတွေအရ iPhone 6 ဟာ ပစ္စတိုနဲ့ ပစ်ခံရဖူးပြီး နိုက်ထရိုဂျင် အရည်ထဲမှာ စိမ်ခံခဲ့ရဖူးပါ တယ်။ microwave ထဲမှာလည်း ကြက်ဆင်တစ်ကောင်နဲ့ ထည့်ချက် ခံခဲ့ရဖူးပါတယ်။
အခုလည်း ပိုက်ဆံပေါများနေတဲ့ သူတစ်ယောက်ဟာ သူ့ရဲ့ iPhone 6 ကို ပွက်ပွက်ဆူနေတဲ့ ကိုကာကိုလာ ထဲမှာ ထည့်ပြီး စမ်းသပ်ကြည့်ပြန်ပါပြီ။
ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ဖုန်းဟာ အဆင်မပြေခဲ့ပါဘူး။ သူ့ဖုန်းတစ်ခုလုံးဟာ တစ်ဖြည်း
ဖြည်းချင်း အရည်ပျော်လာခဲ့ပြီး မိနစ်အနည်းငယ် အကြာမှာ အစိမ်းရောင် မီးခိုးငွေ့တွေဟာ မီးဖိုချောင် တစ်ခုလုံးကို ပြည့်နှက်သွားပါတော့တယ်။
ထိုသို့စမ်းသပ်မှု ပြုလုပ်ထားတဲ့ YouTube က ဗီဒီယိုဟာလက်ရှိမှာပေါ်ပြူလာဖြစ်နေပြီး အမေရိကန် မှာရိုက်ကူးထားတာ ဖြစ်တယ်လို့ ထင်မှတ်ရပါတယ်။
Trend Myanmar

မှတ်ချက်များ