အသက် (၁၉)နှစ်အရွယ်တုန်းက အဓမ္မပြုကျင့်တာ ခံခဲ့ရဖူးတယ်လို့ ဖွင့်ဟလိုက်တဲ့ Lady Gaga
The Howard Stern ရှိုးရဲ့အင်တာဗျူးမှာ Lady Gagaက သူအသက် (၁၉)နှစ်အရွယ်တုန်းက အဓမ္မပြု ကျင့်တာခံရဖူးတာကြောင့် ဆောက်တည်ရာမရဖြစ်ရာကနေ ပြန်လည်တည်ငြိမ်တဲ့ အခြေအနေကို ရရှိဖို့
နှစ်တော်တော်ကြာ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။
“အဲ့ဒီအရွယ်တုန်းက ကစ်သလစ်ကျောင်းတက်ခဲ့တဲ့အချိန်ပေါ့။ လူငယ်တွေက ဒါမျိုးပါလားဆိုပြီး တွေးထင် ခဲ့တဲ့အချိန်၊ ပြန်တွေးကြည့်ရင် ကျွန်မအဲ့ဒီအရွယ်တုန်းက တော်တော်လေးကို တုံးအခဲ့တာ။ မကြာပါဘူး။ ဒီလို ရူးနှမ်းတဲ့ကိစ္စတွေ ဖြစ်တော့တာပါပဲ” လို့ သူမက ပြောပါတယ်။
ဒီအခြေအနေကနေ ပြန်လည်တည်ငြိမ်သွားဖို့အတွက် လေး၊ ငါးနှစ်အချိန်ယူခဲ့ရတဲ့သူမက အစပိုင်းသူမ ကိုယ်တိုင်တောင် ဒီလိုဖြစ်ပျက်ခဲ့တာကို မယုံကြည်ခဲ့ပါဘူးတဲ့။ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေအတွက်စိတ် ပိုင်းဆိုင်ရာ ကုထုံးတွေနဲ့တောင် ကျွန်မကုသခဲ့ရတယ်လို့လည်း သူမက ဆိုသွားပါသေးတယ်။
အခု အသက် ၂၈ရှိပြီဖြစ်တဲ့ Gaga က သူမကို အဓမ္မပြုကျင့်သွားတဲ့ မုဒိမ်းကောင်နဲ့တော့ တစ်ခါမှ ထိပ် တိုက်မဆုံသေးဘူးလို့ ဆိုပါတယ်။ “ကျွန်မသူ့ကို တစ်ခါတော့ စတိုးဆိုင်မှာ မြင်လိုက်တယ်။ အဲ့ဒီတုန်းက ကျွန်မတော်တော်လေးကို တုန်လှုပ်သွားခဲ့တာ။ ပြီးတော့ သူက ကျွန်မကို သူ့ရဲ့ရည်းစားဟောင်းလိုလို
ပြောနေတာ ကိုတော့ ကျွန်မသိတယ်။ တကယ်လို့သာ ရှင်က ကျွန်မထက် အသက် (၂၀)လောက်ကြီးနေ မယ်။ ကျွန်မက ကလေးလေးတစ်ယောက်သာဆိုရင် အဲ့ဒီနှစ်ယောက် ချိန်းတွေးတဲ့အခါ ဘာနဲ့တူနေမလဲ။” လို့ သူမက ထပ်ပြောသွားပါတယ်။
နာကျင်မှုတွေကို ပြန်လည်ပြောပြခဲ့တဲ့ Gaga က အဲ့ဒီအချိန်တွေတုန်းက စိတ်ဓာတ်တွေကျခဲ့တာကြောင့်၊
ဆေးတွေသုံး၊ အရက်တွေသောက် လုပ်ခဲ့ပါသေးတယ်တဲ့။ အဲ့ဒီနောက်မှာမှ ဂီတဟာ သူမဘ၀ကို ပြောင်း လဲနိုင်တယ်ဆိုတာ သိခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် Tony Bennett နဲ့ Jazz သီချင်းတွေ အတူတူ ဆိုရာကနေ သူ့စိတ်အာရုံတွေကို ဂီတဘက် တစ်ဖြည်းဖြည်း လွှဲပစ်ခဲ့ပါတယ်တဲ့။ ဒါ့အပြင် သူမဟာ သူမကို မုဒိန်းကျင့်တဲ့သူရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်အောင် ရုန်းနိုင်ခဲ့ပြီး သူမရဲ့အနုပညာကိုပါ ထိပါးမခံခဲ့ ဘူးလို့လည်း ဆိုပါသေးတယ်။
မေသော် | Trend Myanmar

မှတ်ချက်များ