မေမြတ်နိုး ပြောတာ မှန်


ပြီးခဲ့တဲ့ မေလ ကိုရီးယားနိုင်ငံမှာ ကျင်းပတဲ့ အာရှ ပစိဖိတ် ဝေါ်လ် ၂၀၁၄၊ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်ဘွဲ့ ရရှိသွားခဲ့တဲ့ မေမြတ်နိုးရဲ့ သရဖူကို သြဂတ်လမှာ ပြန်လည် ရုပ်သိမ်းပြီး တရားစွဲဆိုခဲ့ပါတယ်။

မေမြတ်နိုးက မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တဲ့အတိုင်း ခွဲစိတ်မူပြုလုပ်ဘို့နဲ့ ပိုက်ဆံ မရှိပါက လူကြီးများကို ကာမဆိုင်ရာ ဖျော်ဖြေပေးရမယ်ဆိုတာ မှန်ကန်ကြောင်း အဆိုပါအဖွဲ့တာဝန်
ရှိသူက ဒီဇင်ဘာ ၃ ရက်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မစ္စတာ ချွဲ ( ၄၈ နှစ်၊ အလှမယ် အဖွဲ့က တာဝန်ရှိသူ)က အဖွဲ့နဲ့ ပတ်သက်တဲ့ ငွေကြေးများနဲ့ ရင်းနှီးမြုပ်နှံမူ
ငွေကြေး များကို တစ်ဦးပိုင်အဖြစ် သုံးစွဲခဲ့မူ၊ လိမ်လည်မူနဲ့ ၀ရမ်းထုတ် ဖမ်းဆီးခဲ့ပေမယ့် ခြေချုပ်နဲ့ ပြန်လည် လွတ်ပေးထားခဲ့ပါတယ်။

မစ္စတာ ချွဲကို ရဲများ စစ်ချက်အရ ရုံးခန်းလည်း မရှိဘဲ နိုင်ငံတကာက အလှမယ်များကို စာချုပ်များနဲ့ ချုပ်ဆို
ပြီးခေါ်ဆိုခဲ့ကြောင်း ကိုရီးယား သတင်းများအရ သိရပါတယ်။

မေမြတ်နိုးရဲ့ ယခု သတင်းဟာ ကိုရီးယားနိုင်ငံ သတင်းဌာနတိုင်းမှာ ဖော်ပြလျက် ရှိပါတယ်။

ကျော်ဇင်

မှတ်ချက်များ