၂ဝ၁၅ ရွေးကောက်ပွဲ NLD က ဘာ့ကြောင့် သပိတ်မှောက်သင့်သလဲ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၃၆၊ ၅၉(စ)အပါအဝင် အဓိကပြင်ဆင်ရမယ့် ပုဒ်မ ၉၅ခုစလုံး မပြင်ဘူးလို့ ယူဆနိုင်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ဝ၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်သင့်တယ်လို့ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းက နိုဝင်ဘာ ၃ဝရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဘာ့ကြောင့် NLD က သပိတ်မှောက်သင့်တာလဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့မှာ အဓိကကျတဲ့ ပုဒ်မ ၄၃၆ကိုသာ အမှန်တကယ် ပြင်ဆင်မှုမရှိရင် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမဝင်ဘူးဆိုတဲ့ အသံမျိုးကိုထုတ်ပြီး သပိတ်မှောက်သင့်တယ်လို့ ပြောတာဟာ ဒီပုဒ်ကို လက်ရှိ အာဏာပိုင်တွေက ပြင်ဆင်မယ်လို့ သူ့အနေနဲ့ မယူဆတာကြောင့်ဖြစ်တယ်လို့ အလင်းစေ တမန် စာကြည့်တိုက်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒေါက်တာ ရန်မျိုးသိမ်းက ပြောဆိုခဲ့ပါတယ်။
ဒီဖွဲ့စည်းပုံကို ပြင်ဖို့ဆိုရင် ၂ဝ၁၅အလွန်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်မှာNLD နဲ့ ဒီမိုကရေစီအင်အားစု ပါတီတွေ အင်အားကောင်းလာရင် နည်းဥပဒေအရ လွှတ်တော်အမတ် ၅ဝရာခိုင်နှုန်းကျော်က ထောက်ခံရင် အတည်ပြုနိုင်တာမှာမို့ ဒီဖွဲ့စည်းပုံကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြန်လုပ်ဖို့အဆိုကို တွင်သွင်းသင့်တယ်လို့ သူက ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းထားတဲ့ ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်က ငြင်းဆိုထားပေမယ့် လွှတ်တော်ဥက္ကဌနှစ်ယောက်က လက်ခံထားတာမို့ လွှတ်တော်နဲ့အစိုးရ ဟာ ကွဲသယောင်လုပ်ထားပေမယ့် လက်တွေ့မှာတော့ ခွဲကစားနေတာဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေဟာ အောက်ခြေပြည်သူလူထုကို ကိုယ်စားပြုနိုင်တဲ့ အတိုက်ခံကျကျ ဆွေး
နွေးမှုတွေမရှိတာကြောင့် အတိုက်အခံလုပ်နေရတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အရေးပါတယ်လို့ သူက
ထောက်ပြပါတယ်။
လွှတ်တော်ထဲက အတိုက်အခံနဲ့ လွှတ်တော်ပြင်ပက အရပ်ဖက်အဖွဲ့အစည်းတွေဟန်ချက်ညီညီလုပ်ဆောင်
င်ရင် အကောင်းဆုံးဖြစ်ပြီး အချိန်တိုအတွင်း ပူးပေါင်းလုပ်ဆောင်နိုင်မယ့် အခင်းအကျင်းတစ်ခုကို တည်
ဆောက်ထားဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ