MISTER ASIA 2014 ပြိုင်ပွဲ တွင်ဆုတံဆိပ် များစွာရရှိခဲ့သူ အလှမောင်ခါရာသည် အကယ်ဒမီရွှေကြိုပထမ အဆင့် လူတွေ့စစ်ဆေးမှုအောင်မြင်ခဲ့သော် လည်း ယခုအခါ နုတ်ထွက်တော့မည် ဖြစ်ကြောင်း သိရသည်။
''ကျွန်တော့်ဘက်က Organization ဘက်ကို ခွင့်တောင်းတော့ ခွင့်ပြုခဲ့တဲ့အတွက် ဝင်လျှောက်ဖြစ် ခဲ့တာ ပါ။ ဒီပွဲက မြန်မာနိုင်ငံမှာလုပ် တဲ့ပွဲတွေထဲမှာ အကြီးဆုံးပွဲတစ်ပွဲဖြစ် တဲ့အတွက် ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အခု Organization ဘက်က လက်မခံဘူး ဆိုတော့ နုတ်ထွက်မှာပါ''ဟုခါရာက ပြောသည်။
ခါရာသည် အကယ်ဒမီရွှေကြို ခေါ်ယူမှုတွင် လျှောက်လွှာတင်သွင်း ခဲ့သူတစ်ဦးဖြစ်ပြီး ဒီဇင်ဘာ၃ရက် တွင် ထုတ်ပြန်ခဲ့သည်ပထမအဆင့် အောင်မြင်ခဲ့သည့်ယောက်ျားလေး အယောက်၎ဝစာရင်းတွင်ပါဝင်ခဲ့သူ တစ် ဦးလည်းဖြစ်သည်။
''အကယ်ဒမီပေးပွဲမှာ ဆောင် ရွက်ပေးဖို့အတွက် အကူအညီတောင်း ခဲ့မယ်ဆိုရင် လုပ်ပေးဖို့အတွက်ပြော ခဲ့တာပါ။ အခုလိုမျိုး လျှောက်လွှာတင် ပြီး တခြားကလေးတွေနဲ့အတူတူယှဉ် ပြိုင်ပါလို့ပြောခဲ့တာ မဟုတ်ပါ ဘူး။ နိုင်ငံတကာမှာ သွားပြိုင်လာခဲ့သူ တစ်ယောက်အနေနဲ့ ဒီလိုပြိုင်ပွဲတွေ ကို ဝင်ပြိုင်ရင် သူ့ပုံရိပ်ကိုထိ ခိုက်စေ နိုင်တဲ့အတွက် ကျွန်တော်တို့ကသူ့ကို ဝင်မပြိုင်ခိုင်းတာပါ''ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန်ဇော် လတ်က ပြောသည်။
Miss Golden Land Myanmar Organization နှင့်ချုပ်ဆိုထားသည့် အလှမယ်နှင့်အလှမောင်များအား
ပြည် တွင်း၊ ပြည်ပအလှမယ်ပြိုင်ပွဲများနှင့် တခြားသောပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိကြောင်း Organization နှင့်အလှမယ်၊ အလှမောင်များ နှင့်ချုပ်ဆိုခဲ့သည့်စာချုပ်များတွင် ထည့် သွင်းချုပ်ဆိုထား
ကြောင်းသိရသည်။
Organization နှင့်ချုပ်ဆိုထား သည်စာချုပ်များအား ဖောက်ဖျက် ခဲ့ပါက စာချုပ်ပါစည်းကမ်းချက်ဖောက် ဖျက်မှုဖြင့် သတ်မှတ်လျော်ကြေးများ အားပေးလျော်ရမည်ဖြစ်ကြောင်း သိ ရသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ-၂ ဦးအေးကြူလေးက''အခု နောက်ပိုင်း Organization နဲ့တွဲပြီး အ လုပ်လုပ်တဲ့သူတွေအားလုံးက စာချုပ်စာတမ်းနဲ့ အလုပ်လုပ်ကြတယ် ဆိုတာကိုတော့ သိပါတယ်။ သူတို့ ကိုလဲ အတင်းအကျပ်လ ပြိုင်ခိုင်း တာမဟုတ်ပါဘူး။ သူတို့ဘာသာလာ ပြီးလျှောက်လွှာ တင်ထားတာ
တွေ့လို့ လူရွေးပွဲမှာ ကြိုက်တဲ့ အတွက်ရွေး ချယ်ခဲ့တာပါ။ နုတ်ထွက်ချင်ထွက်မ ထွက်ချင်နေ၊ ဒီဇင်ဘာ ၆ရက်မှာ လုပ်မယ့် ဒုတိယအဆင့်လူရွေးချယ် ပွဲမှာ သတ်မှတ်ထားတဲ့အချိန်ကိုရောက် မလာရင်တော့ သူမနုတ်ထွက်လဲ အလိုလိုပြုတ်မှာပဲ''ဟုပြောသည်။
ခါရာသည် Miss Golden Land Myanmar Organization နှင့် စာ ချုပ်ချုပ်ဆိုထားသည့် အလှမောင်တစ် ဦးဖြစ်ပြီး ဟောင်ကောင်တွင်ကျင်းပပြု လုပ်သည့် MISTER ASIA 2014 ပြိုင်ပွဲတွင် ဆုတံဆိပ်များစွာကို ရယူ လာခဲ့သူလည်း ဖြစ်သည်။
ဒီမိုကရေစီတူဒေး

မှတ်ချက်များ