တောင်ကိုရီးယား အဆိုတော် Psy ရဲ့ ကမ္ဘာကျော် Gangnam Style သီချင်း ဗီဒီယိုကို YouTube ပေါ်မှာ ကြည့်ရှုသူ အရေအတွက် စံချိန်တင်သွားခဲ့ရာမှာ YouTube ရဲ့ ကြည့်ရှုသူ အရေအတွက်ကို ဖော်ပြတဲ့
ကောင်တာ စနစ်ကို တိုးမြှင့် ပြောင်းလဲလိုက်ရတယ်လို့ ဆိုပါတယ်။
အဲဒီ သီချင်း ဗီဒီယိုကို ကြည့်ရှုသူ အရေအတွက်ဟာ YouTube က အမြင့်ဆုံး ဖော်ပြနိုင်တဲ့ 32-bit အရေ အတွက် ဖြစ်တဲ့ 2,147,483,647 ကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အခုတော့ YouTube က ကြည့်ရှုသူ အရေအတွက်ကို ဖော်ပြတဲ့ စနစ်ကို 32-bit အစား 64-bit ကို ပြောင်းလဲလိုက်တာကြောင့် ဖော်ပြနိုင်တဲ့ အမြင့်ဆုံး အရေအတွက်ဟာ 9,223,372,036,854,775,808 အထိ ရှိသွားမှာ ဖြစ်ပါတယ်။
BBC

မှတ်ချက်များ