ဓမ္မစေတီခေါင်းလောင်းရှာမည့်သူ နောက်တစ်ဦးအား အစိုးရ ထပ်မံခွင့်ပြု
ဓမ္မစေတီခေါင်းလောင်း ကြီးကို အိပ်မက်အရရှာဖွေရန် ပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း တစ်ဦးအားအစိုးရ က တူးဖော်ခွင့်ပြုလိုက်ကြောင်း ခေါင်းလောင်း ရှာဖွေမည့်သူကိုအကူအညီပေးခဲ့ သောရွှေအုန်း ပင်ဦးဝင်း
မြင့်က ပြောသည်။
တစ်လ၀င်ငွေ အမေရိကန် ဒေါ်လာ ၃၀၀၀ ခန့်ရှိသည့် သင်္ဘောအရာရှိဟောင်းဦးကျော် ၀င်းက ဓမ္မစေတီ
ခေါင်းလောင်း ကြီးကို ရန်ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာသန်လျင်ရေနံချက် စက်ရုံဆိပ်ကမ်းအနီးတွင် ရှာဖွေ သွားမည်ဖြစ်သည်။
ဦးစံလင်း ရှာဖွေခဲ့သည့် မြစ် သုံးဆိုင် နေရာတွင် ရှာဖွေမည်မဟုတ်ဘဲ ၎င်း၏ အိပ်မက်အရ နေရာပြောင်း ရှာဖွေမည်ဟု ဆိုသည်။
‘‘သူ့ပဋ္ဌာန်းဆက်နဲ့ သူရသွား တာဝမ်းသာတယ်။ သူကမတူတဲ့ နေရာမှာရှာဖွေမှာ။ တိုင်းအစိုးရကို စာတင်
တော့ပထမအကြိမ်ခွင့် မပြုတော့ ကိုယ့်ဆီရောက်လာ တယ်။ စာသားမှားတာပြင်ပေး လိုက်တယ်။ သူအခုဒုတိယအကြိမ် တင်ကြည့်တော့အခုကျသွားတာ။ ယဉ်ကျေးမှုဝန်ကြီးက ဦးကျော် ၀င်းကျသွား ပြီလို့ပြောတယ်’’ဟု ရွှေအုန်းပင်ဦးဝင်းမြင့်ကရှင်းပြ သည်။
သို့သော် ခေါင်းလောင်းရှာ ဖွေရန် ပုဂ္ဂလိကသင်္ဘောအရာရှိ ဟောင်း ဦးကျော်ဝင်းအား ပါမစ်ချ ပေးခြင်းကို မိမိအနေဖြင့် မသိရှိ ဘဲ ရန်ကုန်တိုင်း အစိုးရအဖွဲ့အထွေ ထွေအတွင်းရေးမှူးထံ မေးမြန်းစေလိုကြောင်း ရန်ကုန်တိုင်း နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဒုညွှန်ကြားရေးမှူးချုပ် ဦးမြတ် ကျော်ကျော်ထံ ဆက်သွယ်မေး မြန်းသော်လည်း ရုံးဆင်းသွားပြီ ဖြစ်သောကြောင့် မေး၍မရဘဲ တာဝန်ကျအရာရှိတစ်ဦးက‘‘ကျွန် တော်တို့တော့မကြားမိ
သေးဘူး။ ခေါင်းလောင်းရှာဖို့ ခွင့်ပြုတာမသိ ဘူး’’ဟု ဖြေသည်။
‘‘ကျွန်တော့်အမေနဲ့ ကျွန် တော်ကျိုက်ခေါက်ဘုရားသွား တော့ ၀တ်ဖြူစင်ကြယ်နဲ့အဘိုးအို တစ်ဦးကိုတွေ့ တယ်။ သူကခေါင်း ကြီးငုံ့ထားတယ်။ ကျွန်တော်တို့ သူ့အနားကိုသွားတော့ သူကကျွန် တော့်ကိုပြော တယ်။ ကြောက်တဲ့ သူတွေဆယ်ရင် ကျောက်ခဲဖြစ်သွားမယ်။ မကြောက်တဲ့သူတွေ ဆယ်မှ ပေါ်မှာလို့ပြော တယ်။ သူ ဘယ်သူမှန်းကျွန်တော်မသိဘူး။ နောက်ဓာတ်ပုံတွေမှာ တွေ့တော့ မှ ၀ိဇ္ဇာအဘသံဖြစ်နေတယ် ဆို တာသိရတာ။ ရှာမယ်လို့ ဆုံးဖြတ် ပြီးပြီ။ ရေအောက်တိုင်းတာရေး စက်လည်းဝယ်ပြီးပြီ။ မနက်ဖြန် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ကျွန် တော့်ကို တွေ့ဖို့ ခေါ်ထားတယ်’’ ဟု ခေါင်းလောင်းရှာဖွေမည့် ဦး ကျော် ၀င်းက ဧရာဝတီသတင်းဌာနအား ပြောကြားထားသည်။
‘‘ဦးကျော်ဝင်းလုပ်မယ့်လုပ်ငန်းစဉ်မသိရသေးတော့ ပြောရခက်တယ်။ အိပ်မက်အရ လုပ်တာလည်း လုပ်ပေါ့။ သိပ္ပံနည်းပညာနဲ့ စနစ်တကျ သုတေသနလုပ်ရင် တော့ ပိုကောင်းတာပေါ့’’ ဟု မွန် သမိုင်းသုတေ သနအသင်းတွဲဖက် အတွင်းရေးမှူးနိုင်ရဲဇော်ကမှတ် ချက်ပြုသည်။
ဦးစံလင်းနှင့် လမ်းခွဲခဲ့သည့် အလှူရှင်ရွှေအုန်းပင်ဦးဝင်းမြင့် ကလည်း ကျပ်သိန်းတစ်ထောင်မ တည်ကာ
ခေါင်းလောင်းကိုဆက် လက်ရှာဖွေမည်ဟု ပြောထား ပြီး ဦးကျော်ဝင်းရှာဖွေမှုမအောင် မြင်ပါက ၎င်းကိုယ် တိုင်ထပ်မံရှာ ဖွေမည်ဟုဆိုသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုမိန့်ရရှိထားသူမှာ ဇေကမ္ဘာ ဦးခင်ရွှေနှင့် အဖွဲ့၊ ဦးစံလင်းနှင့် ယခုဦးကျော်ဝင်းတို့ဖြစ်သည်။
ဇေနွေထွန်း | 7day

မှတ်ချက်များ