တရုတ်နိုင်ငံသား ကျောက်ကုန်သည်များ စစ်ကို်င်းတွင် အိမ်ငှားနေထိုင်ခြင်း ဥပဒေနှင့် ညီ၊ မညီ စိစစ်အရေးယူပေးရန် တောင်းဆိုမည်


စစ်ကိုင်းဒေသထွက် ကျောက်စိမ်းပုတီးစေ့များကို လာရောက် ၀ယ်ယူသည့် တရုတ်နိုင်ငံသားကျောက်မျက် ကုန်သည်များ အိမ်ငှားနေထိုင်ခြင်းနှင့်ပတ်သက်၍ ဥပဒေနှင့် ညီ၊ မညီ စိစစ်အရေး ယူပေးရန် သက်ဆိုင်ရာ သို့ တင်ပြ တောင်းဆိုသွားမည်ဟု မြန်မာ နိုင်ငံ ကျောက်မျက်ရတနာ လုပ် ငန်းရှင်များအသင်း (စစ်ကိုင်း) မှ တာဝန်ရှိသူများက ပြောသည်။

ဇန်န၀ါရီ ၅ ရက်က စစ်ကိုင်း မြို့ နန္ဒ၀န်ရပ်ကွက်အတွင်းရှိ တရုတ်နိုင်ငံသား ကျောက်မျက် ကုန်သည်များ ငှားရမ်းနေထိုင် သောနေအိမ်တစ်လုံးဖောက်ထွင်းလုယက်ခံရပြီး အိမ်ဖော် အမျိုးသမီးအသတ်ခံရမှု ဖြစ်ပွား ပြီးနောက် စစ်ကိုင်းတွင် တရုတ်ကျောက်မျက်ကုန်သည်များ အိမ်ငှားနေထိုင်ခြင်းကို စိစစ်တင်ပြ တောင်း ဆိုခြင်း ဖြစ်သည်ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း) ဥက္ကဋ္ဌ ဦးအောင်ကြီးက ပြော သည်။

‘‘နိုင်ငံခြားသားတွေ အိမ်ငှား နေထိုင်တာနဲ့ ပတ်သက်လို့ ဥပဒေနဲ့အညီ စိစစ်ပေးဖို့ အစိုးရဌာနတွေကို တရားဝင်စာတင် တောင်းဆိုမယ်။ အသင်းအနေနဲ့ကလည်း လိုအပ်တာ ပူးပေါင်းဆောင်ရွက်မယ်။ အခုလို အမှုအခင်းတွေ ဖြစ်လာချိန်မှာ မြို့ခံတွေ ပိုမိုလုံခြုံမှုရှိဖို့နဲ့ ဥပဒေနဲ့အညီ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို လည်း ပိုမိုအကာအကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်’’ဟု ဦးအောင်ကြီးက ပြောသည်။

လက်ရှိတွင် စစ်ကိုင်းမြို့ရှိ ကျောက်စိမ်းပုတီးစေ့ရောင်းချ သည့် ကျောက်ဝိုင်းများသို့ တရုတ်နိုင်ငံသား
ေ  ကျောက်မျက်ကုန်သည် တစ်ရာခန့် နေ့စဉ်လာရောက်ဝယ်ယူမှုများ ရှိနေပြီး ရက်ရှည်လာရောက်ကာ အိမ်ငှားနေထိုင်ကြသည်ဟု မြို့ခံကျောက်သမားများက ပြောသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စတင်ကာ စစ်ကိုင်းမြို့တွင် တရုတ်နိုင်ငံသားများ အိမ်ငှားနေထိုင်မှုနှင့်ပတ်သက်၍ စိစစ်အရေးယူပေးရန် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားခဲ့သော်လည်း စိစစ် အရေးယူမှု မရှိခဲ့ဟုမြို့ခံအချို့ ကပြောသည်။

တရုတ်နိုင်ငံသားများ အိမ် ငှားနေထိုင်မှုသည် ဥပဒေနှင့်ညီ ညွတ်မှု မရှိသော်လည်း ၎င်းတို့က စစ်ကိုင်းမြို့
ပေါ်ရှိ နေအိမ်များ တွင် ညမအိပ်သည့်အတွက် အမှု ဖွင့်အရေးယူထားမှု မရှိဟု လူဝင် မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန စစ်ကိုင်း မြို့နယ်ဦးစီးအရာရှိက ပြောသည်။ကျောက်စိမ်းပုတီးကဲ့သို့ ပစ္စည်း များထားရန်နှင့် နေ့လယ်တွင် ခေတ္တအနားယူရန် အိမ်ငှားထား သော်လည်း တရုတ်နိုင်ငံသားများ က ညတွင် မန္တလေးမြို့ရှိ ဟိုတယ်များသို့ သွားရောက်အိပ် စက်ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

မောင်တာ | 7day

မှတ်ချက်များ