ဂုံးကျော်တံတားပေါ်မှ ပြုတ်ကျတဲ့ အငှားယာဉ် သတင်းအပြည့်အစုံ


တာမွေမြို့နယ်တွင် ရထားသံလမ်း ဂုံးကျော်တံတားပေါ်မှ အငှားယာဉ်တစ်စီး အရှိန်လွန်ကာ ပြုတ်ကျခဲ့သဖြင့် ယာဉ်မောင်းနှင့် ခရီးသည်(၂)ဦး ဒဏ်ရာရ
၈.၁.၂၀၁၅ ရက်နေ့ ၁၄၁၅ အချိန်တွင် တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်း အတိုင်း တာမွေဘက်မှ သင်္ဃန်းကျွန်းဘက်သို့ သာကေတမြို့နယ်နေ ယာဉ်မောင်း စိုးပိုင်၊ (၂၂)နှစ် မောင်းနှင်လာသော 6D--- HONDA Fit အငှားယာဉ်သည် မင်းရဲကျော်စွာ ရထားသံလမ်း ဂုံကျော်တံတားပေါ် အရောက် အရှိန်လွန်ကာ တံတားလက်ရမ်း သံဇကာများအား တိုက်မိပြီး တံတားအောက်သို့ ပြုတ်ကျသွားခဲ့ပါသည်။

ထိုသို့ပြုတ်ကျခဲ့သဖြင့် ယာဉ်မောင်း စိုးပိုင်တွင် ယာပေါင်၌ဖူးရောင်နာကျင်ဒဏ်ရာ၊ ယာဉ်ပေါ်ပါခရီးသည်များ
ဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးတင်အောင်စိုး တွင် နဖူး၊ ယာလက်၊ မေးစေ့တို့၌ ပေါက်ပြဲနာကျင်ဒဏ် ရာများနှင့် ဒေါ်သိင်္ဂီမြင့်တွင် ယာခြေထောက်နှင့် နှုတ်ခမ်းတို့၌ ပေါက်ပြဲ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသ ခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း စိုးပိုင်အား တာမွေမြို့မ ရဲစခန်း ယာဉ်(ပ)၂/၂၀၁၅၊
  ပြစ်မှုပုဒ်မ-၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်များ