စမတ်ဖုန်းသုံးခြင်းက လူ့ဦးနှောက်ကို အပြောင်းအလဲဖြစ်ပေါ်စေနိုင်
Touchscreen စမတ်ဖုန်းများ အသုံး ပြုခြင်းသည် လူသားတို့၏ ဦးနှောက် အ ပြောင်းအလဲဖြစ်ပေါ်စေနိုင်
ကြောင်းအမေ ရိကန် သုတေသနပညာရှင်များက မိမိတို့ စေတနာအလျောက် ပါဝင်ကူညီခဲ့သော ဗော်လံတီ ယာ လူများအား လေ့လာဆန်း စစ်၍ တွေ့ရှိချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ သည်။
သိပ္ပံပညာရှင်များက လူ့ဦးနှောက်၏ လှုပ်ရှားမှုများကို တိုင်းတာနိုင်ရန် Electro- encephailography(EEG)
စက်များကို အသုံးပြု လေ့လာသွားခဲ့ခြင်းဖြစ်သည်။ ၄င်း တို့သည် သုတေသနပြုလုပ်ခဲ့ရာတွင် စမတ် ဖုန်း သုံးစွဲသူများနှင့် ရိုးရိုးသမားရိုးကျဆဲလ် ဖုန်းသုံးစွဲသူများအကြားတွင် ကွာခြားမှုရှိနေ ကြောင်း တွေ့ရှိခဲ့ခြင်း
ဖြစ်သည်။
EEG စက်၏ ဖတ်ကြားချက်အရ စ မတ်ဖုန်း သုံးစွဲသူများသည် လက်ချောင်းများ နှင့် လက်မကို ပိုမိုအဆင်
ပြေစွာ သုံးစွဲနိုင် စွမ်းရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ဗော်လံတီယာ ၃၇ ဦးအား သုတေသ နပြုလုပ်ခဲ့ရာတွင် ၂၆ ဦးမှာ Touchscreen စမတ်ဖုန်း သုံးစွဲသူများဖြစ်၍ ကျန် ၁၁ ဦး မှာ ရှေးမော်ဒယ်ဟောင်း မိုဘိုင်းဖုန်း သုံးစွဲ သူများဖြစ်ကြောင်း သိရသည်။
BBC

မှတ်ချက်များ