နိုင်ငံ့ဂုဏ်ဆောင် သက်ကြီး မြန်မာ့လက်ရွေးစင် ဟောင်း များအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယကနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌတို့မှ လစဉ် တစ်လလျင် ကျပ် (၅၀၀၀၀) စီ ဂုဏ်ပြုချီးမြှင့်မည်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းနှင့် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့သည် နိုင်ငံ ဂုဏ်ဆောင် ခဲ့ကြသည့် နိုင်ငံတကာ ပြိုင်ပွဲ ဆုတံဆိပ်များ ဆွတ်ခူးရရှိ ခဲ့ကြသော အသက် (၆၅)နှစ် နှင့်အ ထက် မြန်မာ့ လက်ရွေးစင် ကစားသမား ဟောင်းကြီးများအား လစဉ် တစ်လလျင် ကျပ် (၅၀၀၀၀) စီ ဂုဏ်
ပြုချီးမြှင့် သွားမည်ဖြစ်သည်။
ထိုသို့ ချီးမြှင့်နိုင်ရန် အတွက် အသက်(၆၅)နှစ်နှင့် အထက် နိုင်ငံတကာ ပြိုင်ပွဲ ဆုတံဆိပ်ရ လက်ရွေးစင် ကစားသမားများသည် အောက်ဖော်ပြပါ တာဝန်ရှိသူများထံ အမြန်ဆုံး ဆက်သွယ် ပေးကြပါရန် လေးစား စွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။
ဆက်သွယ်ရန်-
(၁) ဦးအေးမောင်ကြီး (ဖုန်း - ၀၉၅၀၄၀၉၆၁)
(၂) ဦးဘရီ (ဖုန်း- ၀၉၅၄၁၈၄၄၁)
(၃) ဦးမျိုးဝင်းညွန့် (ဖုန်း- ၀၉၅၁၂၆၁၇၃)
(၄) ဦးလှရွှေလေး (ဖုန်း - ၀၉၅၀၁၆၃၃၂)
(၅) ဦးအောင်စိုးဦး (ဖုန်း - ၀၉၂၅၀၂၇၁၅၈၃)
--------------------------------------------------------------------
(ထပ်ဆင့် Share ပေးကြဖို့ မေတ္တာရပ်ခံပါတယ်)
MFF

မှတ်ချက်များ