ရန်ကုန်မြို့အတွင်း ခုံးကျော်တံတားကိုးခု ဆောက်လုပ်ရန်လျာထား
ရန်ကုန်မြို့တွင်း၌ ခုံးကျော် တံတားကိုးခု တည်ဆောက်ရန် လျာထားကြောင်း ရထားပို့ဆောင် ရေးဝန်ကြီး ဌာန အောက်မြန်မာပြည် (တိုင်း-၆)မှ အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
လက်ရှိတွင် ယင်းကိုးခုအတွင်း မှတစ်ခုဖြစ်သည့် အင်းစိန်ခုံးကျော် တံတားအား ဆောက်လုပ်လျက်ရှိ
ကြောင်းလည်း သိရသည်။
''တစ်ခုကတော့ ဆောက်နေ ပါပြီ။ တည်ဆောက်ရတာကတော့ ယာဉ်ကြောကျပ်တည်းမှုတွေ လျော့ ကျ သွားစေဖို့ တစ်ဖက်တစ်လမ်း က ပါဝင်တဲ့သဘောပါ''ဟု ယင်း က ထပ်မံပြောကြားသည်။ကျန်သည့်
ခုံးကျော်တံတား ရှစ်ခုအား လိုအပ်သည့်နေရာများ၌ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း လည်း ဦးထွန်းအောင်သင်းကပြော သည်။
''ကျန်တဲ့ တံတားရှစ်စင်းကို တော့ ယာဉ်ကြောကျပ်တည်းမှုတွေ များပြားလာတဲ့နေရာတွေ၊ ရထား နဲ့ ဆက်စပ်သွားလာရတဲ့နေရာတွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရဲ့လိုအပ်ချက်အပေါ် မူတည်ပြီး
တော့ ဆောက်လုပ်သွားမှာပါ''ဟု ပြောကြားသည်။
ယင်းကဲ့သို့ ဆောက်လုပ်ပါက ယာဉ်ကြောကျပ်တည်းမှုများ ဖြေ လျှော့သွားရန် အရေးကြီးကြောင်း ယာဉ်
မောင်းများက ပြောသည်။''တံတားတွေ ဆောက်မယ်ဆို ရင် ယာဉ်ကြောကျပ်တည်းမှုတွေ ဖြေလျှော့သွားဖို့ က အရေးကြီးပါ တယ်။ တံတားတွေဆောက်ပြီးတော့ မှ ယာဉ်ကြောတွေ ပိုပြီးမကျပ်တည်း လာဖို့ အရေး ကြီးပါတယ်''ဟု ယင်း ယာဉ်မောင်းများက ပြောသည်။
ယင်းသို့ တံတားတည်ဆောက် မည့် ကုန်ကျငွေများအား ရထားပို့ ဆောင်ရေးဝန်ကြီးဌာန အသုံးစရိတ် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ဘဏ္ဍာငွေများဖြင့် ဆောက် လုပ်သွားမည်ဖြစ်ကြောင်းလည်း သိ ရ သည်။
အာကာထက် | Yangon Media Group

မှတ်ချက်များ