အနွေးဓာတ်ရဖို့အတွက် ကာပေါ်မီးဖိုတည်တဲ့ အမျိုးသမီး
Li Xiufang ဆိုသူက သူမကားတွင် မီးဖိုတစ်လုံးတပ်ဆင်ထားပါတယ်။
Mrs Li ဟာ လမ်းဘေးနားမှာ ကားပေါ်ကနေ ရေသန့်စင်ဆေး ရောင်းသူတစ်ဦးဖြစ်ပါတယ်။ သူမက ခရီး သည်ထိုင်ခုံတစ်ခု ဖယ်ရှားကာ အဲ့ဒီနေရာတွင် မီးဖိုသုံးပစ္စည်းတွေ ထည့်သွင်းတပ်ဆင်လိုက်တဲ့အတွက် ထမင်းချက်စားနိုင်တဲ့အပြင် တချိန်တည်းမှာ အနွေးဓာတ်လည်း ရရှိသွားပါတယ်။
တပ်လွယ်ဖြုတ်လွယ်တဲ့ ယာယီ မီးခိုးခေါင်းတိုင်ကို ကားဘေးတစ်ဖက်တစ်ခြမ်းမှာ ဖောက်ထွက်စေခဲ့လို့ အင်ဂျင်စက် ဖွင့်လျက်ထားနေစရာ မလိုတော့ပါဘူး။ နောက်ပြီး တရုတ်နိုင်ငံ Guangdong ပြည်နယ် Jiangcheng ရှိ သူမနေအိမ်ကို လည်း တုန်ချမ်းခြင်းမရှိ မောင်းပြန်နိုင်ခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ