တရုတ်နိုင်ငံထုတ် အဝတ်အစားတွေက အရည်အသွေး ညံ့ဖျင်းတယ်ဆိုတဲ့အသိကို ဖျောက်ဖျက်ဖို့အတွက် “Made in China” အမှတ်တံဆိပ် သုံးစွဲခြင်းရပ်နား


ရောင်းအားမြင့်တက်လာအောင် ဆောင်ရွက်တဲ့အနေနဲ့ ဂျပန်နိုင်ငံကိုတင်သွင်းရောင်းချတဲ့အဝတ်အစားတွေ
မှာ“Made in China” ဆိုတဲ့ တံဆိပ်အသုံးပြုခြင်းကို တရုတ်စက်ရုံတွေ ရပ်နားလိုက်ပြီလို့ သိရပါတယ်။

ဦးတည်ချက်ကတော့ တရုတ်ထုတ် အဝတ်အစားတွေက အရည်အသွေး ညံ့ဖျင်းတယ်ဆိုတဲ့အသိကို
ေ ဖျောက်ဖျက် ဖို့ ဆောင်ရွက်ခြင်းပဲဖြစ်တယ်လို့ The South China Morning Post ဝက်ဆိုက်ဘ်က ဖော်ပြ  ထားပါတယ်။ ယင်းအစား အဝတ်အထည်တွေကို “made in PRC” (the People’s Republic of China) တံဆိပ်ရိုက်နှိပ်ထားပါတယ်။ ဘာလို့လဲဆိုရင် ဂျပန် customers တွေက ၄င်းအတိုကောက်က ဘာကိုလိုမှန် မသိကြလို့ဖြစ်တယ်လို့ အဲဒီဝက်ဆိုက်ဘ်က ဆိုပါတယ်။ အဓိပ္ပါယ် ဖွင့်ဆိုချက်မရှိပေမယ့်လို့ တရုတ်ကုမ္ပဏီ
တွေကို သူတို့ အမှတ်တံဆိပ်တွေကို မပြောင်းခိုင်းစရာ အကြောင်းမရှိဘူးလို့ Japan’s Consumer Affairs Agency က ဆိုပါတယ်။

၎င်းကို တုံ့ပြန်သည့်အနေနဲ့ ဂျပန်အဝတ်အထည် စက်ရုံကလည်း ၄င်းရဲ့ကိုယ်ပိုင် အမှတ်တံဆိပ်အသစ် ခုပြုလုပ်ရန် စီစဉ်နေပါတယ်။ ယက်လုပ်ခြင်း၊ အရောင်ဖောက်ခြင်း၊ အချုပ်အလုပ်စတာတွေ ပြည်တွင်းမှ လုပ်ရင် “J Quality” တံဆိပ်လေး ချိတ်ပေးသွားမှာဖြစ်တယ်လို့ Tyodi သတင်းအေဂျင်ဆီအရ သိရပါတယ်။ အဲဒီတံဆိပ်ကြောင့် ပိုမိုဈေးနှုန်းချိုသာတဲ့ သွင်းကုန်တွေထက် အရည်အသွေးမြင့်ပြည်တွင်းထုတ်ကုန်တွေ
ပေါ်လူတွေကို ငွေပိုသုံးလာစေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်လို့ စက်ရုံအရာရှိတစ်ဦးက ဆိုပါတယ်။

အရှေ့တရုတ်ပင်လယ်က ကျွန်းစုတစ်စုအပေါ် နယ်မြေ အငြင်းပွားမှုတစ်ရပ်ကြောင့် ဂျပန်နဲ့တရုတ်ကြား ဆက်ဆံမှုတွေ တင်းမာခဲ့ပြီး မယုံကြည်မှုတွေ နက်ရှိုင်းလို့လာပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဂျပန်ပညာရှင်တွေရဲ့ အစီရင်ခံစာတစ်ခုမှာ တရုတ်မကြိုက်သူများ ၉၃% ရှိရာ ယခင်နှစ်ထက် ၃% တက်လာတာတွေ့ရပါတယ် တဲ့။

BBC

မှတ်ချက်များ