ဒေါက်မြင့်ဖိနပ်ဖြင့် ကြိုးတန်းပေါ် လမ်းလျှောက်ပြတဲ့ အမျိုးသမီး



ခြေတစ်လှမ်းအမှားကြောင့် အသက်ဆုံးရှုံးနိုင်ပေမဲ့ သူမကတော့ (၃)လက်မမြင့်ဒေါက်ဖိနပ်စီးကာ ပေ (၁၀၀) ရှည်လျားတဲ့ ၀ိုင်ယာကြိုးတစ်ချောင်းပေါ် မကြောက်မရွံ့လျှောကခဲ့ပါတယ်။

အင်မတန်လှပတဲ့ ရှု့ခင်းအထက်စီမှာ သူမလျှောက်နေစဉ် အသက်(၂၅)နှစ်ရှိတဲ့ Darelevil Faith Dickey ဆိုးသူက သေးသွယ်တဲ့ ၄င်းဝိုင်ယာကြိုးလေးကို သတိကြီးစွာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ စီမံကွပ်ကဲနေပါ တယ်။ ရင်သက်ရှု့မောဖွယ် ယင်းဖြစ်ရပ်မှာ Czech Repulicနိုင်င့ Women's Highline Meeting မှာ ဖြစ်ခဲ့ တာပါ။

မြေပြင်မှ ပေ(၈၂၀) အမြင့်မှာ အမျိုးသမီးတစ်ဦးတည်း အလွတ်တမ်းတစ်ကိုယ်တော်လမ်းလျှောက် ခြင်းနဲ့ Utah ပြည်နယ်မှာ မီတာ(၅၅) ခရီးရှည်လမ်းလျှောက်ခြင်းတို့ အပါအ၀င် ယခင်အမျိုးသမီး များ၏ အမြင့်ဆုံး မှတ်တမ်းစံချိန် အားလုံးချိုးသွားပါတယ်။

ဒီဟာကို ကျွန်မနှစ်သက်သဘောကျလို့ လုပ်တာဖြစ်တယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ