အမျိုးသမီးဘ၀ မှ အမျိုးသားဘ၀သို့ အလိုအလျောက် လိင်ပြောင်းလဲသွားသည့် စိုးစန္ဒာထွန်း


အမျိုးသမီးအင်္ဂါက တဖြည်းဖြည်း စေ့သွားပြီး အမျိုးသား အင်္ဂါက ရှည်ထွက်လာတယ်။ ကိုယ်ကလည်း ဘာမှနားမလည်တော့ အဲဒါကို ထွက်မလာအောင် လက်နဲ့ ခဏ ခဏ ဖိနေတာ“သူ့ကိုရွာဦး ကျောင်းဆ ရာတော်ကပါ လက်ခံတယ်။ အခုဆို သူက ဆွမ်းခံရင်း ဆွမ်းတော်ဗျို့ တောင် လိုက်အော်နေတာ”
----- ----- ----- ----- ----- -----
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာရှိ အဖ ဦးရွှေထွန်း၊ အမိ ဒေါ်ယဉ်သိန်းတို့၏ သမီး မစိုးစန္ဒာထွန်း (ခ)ထွန်းထွန်းသည် သဘာဝအတိုင်း အမျိုးသမီးဘ၀မှ အမျိုးသားဘ၀သို့ အလိုအလျောက်
 ပြောင်းလဲလာခဲ့သည်ဟု ၎င်း၏ မိခင်က News Watch ဂျာနယ်သို့ ပြောကြားခဲ့သည်။

မစိုးစန္ဒာထွန်း အသက် (၉)နှစ်သည် အသက် (၆)နှစ်အရွယ်မှစတင်၍ အမျိုးသားအင်္ဂါ တဖြည်းဖြည်း ကြီး ထွားလာခဲ့သည်ဟု ၎င်း၏ မိခင်ကပြောသည်။ “အမျိုးသမီးအင်္ဂါက တဖြည်းဖြည်း စေ့သွားပြီး အမျိုးသား အင်္ဂါက ရှည်ထွက်လာတယ်။ ကိုယ်ကလည်း ဘာမှနားမလည်တော့ အဲဒါကို ထွက်မလာအောင် လက်နဲ့ ခဏ ခဏ ဖိနေတာ”ဟု ပြောကြားသည်။

၎င်းသည် ကျောင်းတွင်လည်း မိန်းကလေးများနှင့်အတူထား၍မရဘဲ ယောက်ျားလေးများနှင့်သာ အတူနေ ထိုင် သည်ဟု ဆိုသည်။ “ဆရာမက မိန်းကလေးတွေထဲသွားရင် သူက ယောက်ျားလေးတွေထဲမှာပဲ ပြန် ထိုင်တယ်။ နောက်ပိုင်း ကျောင်းအုပ်ဆရာကြီး သိသွားမှ သူ့ကို ယောက်ျားလေးတွေထဲမှာ ထိုင်ခွင့်ပေးတော့ တယ်”ဟု ဆိုသည်။

မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်းသည် ဒုတိယတန်းတွင် ပညာသင်ကြားလျက်ရှိပြီး ယင်းကဲ့သို့ လိင်ပြောင်းလဲ လာမှု အတွက် သူငယ်ချင်းများ၊ အတန်းဖော်များနှင့် မည်သည့်အခက်အခဲမျှ မရှိဘဲ ပုံမှန် ဆက်ဆံရေးအ တိုင်းရှိသည်ဟု သိရသည်။

၎င်းကိုယ်တိုင်အနေနှင့်မူ သဘာဝအတိုင်း အမျိုးသမီးအဖြစ်မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲမှုအတွက်
နှစ်သက်ခြင်းရှိသော်လည်း သာမန်မဟုတ်သည့် ဝေဒနာများ ခံစားနေရသည်ဟု ဆိုသည်။ “သူက ခေါင်း လည်း ခဏခဏ ကိုက်တယ်။ အခု (၉)နှစ်ပဲရှိသေးတယ်။ ဆံပင်ဖြူပေါက်လာတဲ့အပြင် ပြောင်းလဲလာတဲ့ အင်္ဂါကနေ အမွေးတွေထွက်နေတယ်”ဟု ဒေါ်ယဉ်သိန်းက ပြောသည်။

ယင်းကဲ့သို့ ဝေဒနာခံစားနေရသော်လည်း ဆင်းရဲနွမ်းပါးမှုကြောင့် မည်သည့်ဆေးခန်းကိုမျှ မပြသနိုင်ဟု ဆို သည်။ “သူ့အဖေက ကုန်ထမ်းတယ်။ မိသားစုက ခြောက်ယောက်ဆိုတော့ ဆေးခန်းပြဖို့ နေနေသာသာ စားဖို့တောင် အနိုင်နိုင်ရယ်”ဟု ရှင်းပြခဲ့သည်။

ယခင်က ဟယ်ပင်ကလေးဆေးရုံသို့ သွားရောက်ပြသခဲ့ဖူးသော်လည်း အသက် ၁၂ နှစ်အရွယ်ရောက် မှ ပြန်လည် ပြသရန် ဆေးရုံက ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ “လက်ရှိသူက မူးတယ်၊ မောတယ်လည်း
 ပြောတယ်။ ကလေးအတွက် စိတ်ပူနေရတယ်”ဟု ပြောသည်။

မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်းတို့ မိသားစုသည် ဆင်းရဲ၍ အကူအညီလိုအပ်နေသောကြောင့် ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာမှ လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာသို့ ဒေါ်လေးလေးမြင့်က လမ်းစရိတ် အကုန်အကျ ခံ၍ ခေါ်ယူခဲ့သည်ဟု ဆိုသည်။

ယင်းနှင့် ပတ်သက်၍ ဒေါ်လေးလေးမြင့်က “ကျွန်မက အဲဒီရွာကို ဈေးသွားရောင်းရင်း အသိအကျွမ်းတွေ
 ဖြစ်နေ တာကြာပြီ။ ကိုယ်ကလည်း ကူညီချင်ပေမယ့် မတတ်နိုင်ဘူး။ ဒါကြောင့် ဒီကိုခေါ် လာပြီး အကူအ ညီရနိုင်မလားဆိုပြီး သတင်းမီဒီယာနဲ့ ဆက်သွယ်တာပါ”ဟု ပြောကြားခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ငါးဆူတောင်ကျေးရွာ ဆရာမက “သူက မိန်းကလေးကနေ ယောက်ျားလေးဖြစ်လာ တာမှန်ပေမယ့် သူ့မိန်းကလေးသဘာဝတွေကျန်ပြီး ဒုက္ခရောက်မှာ စိုးရိမ်နေတာပါ။ အပြင်ပိုင်းမှာ ကျားသ ဘာဝဖြစ်ပေမယ့် အမျိုးသမီးသားအိမ်တွေ ဘာတွေနဲ့ ရှေ့ဆက်ဘာဖြစ်မယ် မသိဘူး။ ဒါကြောင့် သူ့ကို စိုးရိမ်နေတယ်”ဟု ပြောကြားခဲ့သည်။

လက်ရှိ ငပုတောမြို့နယ် ဆူးပိတ်ကျေးရွာမှ လှည်းကူးမြို့နယ် ငါးဆူတောင်ကျေးရွာသို့ရောက်ရှိနေသည်မှာ ၁၅ ရက်ကျော်နေပြီဖြစ်၍ မစိုးစန္ဒာထွန်း (ခ) ထွန်းထွန်းသည် ကျောင်းပျက်များနေပြီဟု ဆိုသည်။ “ဆရာကြီး ကိုတော့ ခွင့်တိုင်ထားရတယ်။ ကလေးအတွက် အကူအညီပေးမယ့်သူပေါ်လာမလားဆိုပြီး နေနေတာပါ။ ကိုယ့်ရွာကိုလည်း ပြန်ချင်နေပြီ”ဟု ပြောကြားခဲ့သည်။

မစိုးစန္ဒာထွန်း(ခ)ထွန်းထွန်းသည် အသက် (၆)နှစ်ခန့်ကတည်းကစ၍ ယောင်္ကျားအင်္ဂါ ထွက်လာပြီး ၎င်း အား ယောက်ျားလေးအဖြစ် ခေါ်ဆိုမှသာ ကြိုက်နှစ်သက်လေ့ရှိသည်ဟု ပြောကြားခဲ့သည်။ “သူ့ကိုရွာဦး
ကျောင်းဆရာတော်ကပါ လက်ခံတယ်။ အခုဆို သူက ဆွမ်းခံရင်း ဆွမ်းတော်ဗျို့ တောင် လိုက်အော်နေတာ” ဟု ပြောကြားခဲ့သည်။

ထိုသို့် မိန်းကလေးဘ၀မှ ယောက်ျားလေးဘ၀သို့ သဘာဝအလျှောက် ပြောင်းလဲမှုကြောင့် ဝေဒနာအချို့ ခံစားနေရမှုအပေါ်ကို စိုးရိမ်မှုရှိနေကြောင်း၊ နားလည်တတ်ကျွမ်းသည့် ဆရာဝန်၊ ဆေးရုံဆေးခန်းတို့ တွင်
ပပေးနိုင်ရန်အတွက် အကူအညီလိုအပ်နေမှုကြောင့် ယခုကဲ့သို့ သတင်းမီဒီယာများသို့ ဆက်သွယ်အသိပေး ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ အကူအညီပေးလိုပါက ဒေါ်လေးလေးမြင့် ၀၉-၇၉၅၄၈၅ ၀၆၇၊ ဆရာမ ဒေါ်သက်သက်ခိုင် ၀၉-၄၀၃၇၅၀၁၀ သို့ ဆက်သွယ်၍ အကူအညီပေးနိုင်
ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ