အာဇာနည်လို အသေခံမည်ဟု သေနတ်သမားများပြော

ပြင်သစ်နိုင်ငံမှာ လူ ၁၂ ဦးကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမား ၂ ဦးက အာဇာနည်တွေကို အသေခံသွား မှာ ဖြစ်သလို ဓားစာခံတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေကိုလည်း ပြင်သစ် ရေဒီယိုက ထုတ် လွှင့်နေပါတယ်။

ရဲတွေဟာ ပဲရစ်မြို့တော် အရှေ့မြောက်ပိုင်း ၂၂ မိုင်အကွာရှိ ဒမ်မမာတန် အွန်ဂဲလ်မြို့ ပုံနှိပ်တိုက်ထဲ က
သေနတ်သမား ၂ ဦးကို ဆက်သွယ်ရာမှာ အခုလို ပြောဆိုလိုက် တာလို့ သတင်းတွေက ဆိုပါတယ်။

အစိုးရကလည်း သေနတ်သမား ၂ ဦးနဲ့ ဆက်သွယ်တဲ့ကိစ္စကို အတည်ပြုလိုက်ပါတယ်။

ပြင်သစ်သမ္မတကလည်း သံသယရှိသူ ၂ ဦးကို ဖမ်းဆီးနိုင်ဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေး အတွက် မိန့်ခွန်း
ပြောကြားခဲ့ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ်ကလည်း ဒါဟာ အကြမ်းဖက်မှုကို တိုက်ဖျက်နေတာ ဖြစ်ပြီး ဘာသာရေး စစ်ပွဲမဟုတ် ဘူးလို့ ပြောပါတယ်။

သေနတ်သမားတွေ ခိုအောင်းနေတဲ့ နေရာနဲ့ ၅ ကီလိုမီတာသာကွာတဲ့ ရှာလ်ဒီဂေါလ် လေဆိပ်မှာ လည်း လေယာဉ်ခရီးစဉ်တွေကို ပယ်ဖျက်ထားသလို တချို့ လေယာဉ် ပြေးလှမ်းတွေကို ပိတ်ဆို့ထား ပါတယ်။

DVB


မှတ်ချက်များ