မိန်းမငယ်များအား ကာယိနြေ္ဒ ပျက်ပြားအောင် နှောင့်ယှက်သူ လူလယ်ခေါင်တွင် အပြစ်ပေးခံရ


အိန္ဒိယနိုင်ငံ၊ မဒ္ဒယာပရာဒက်ရှ် ပြည်နယ်တွင် မိန်းမငယ်လေးများအား ကာယိနြေ္ဒပျက်ပြားအောင် နှောင့် ယှက်သူတဦးသည် ၎င်း၏ပြစ်မှုအတွက် သမရိုးကျ မဟုတ်သည့်နည်းဖြင့် အပြစ်ပေးခံခဲ့ရသည်။

ရဲမေတဦးနှင့် စော်ကားခံရသူ မိန်းကလေးများက ဗီရတ်ဒိုနီဆိုသူကို လူစည်ကားရာ လမ်းလယ်ခေါင်တွင် ခါးကုန်းနေစေပြီးမှ တင်ပါးကို အလှည့်ကျ ရိုက်ကြသည်။

အသက် ၂၃နှစ်အရွယ် ဒိုနီသည် မိန်းကလေးများကို လက်ခေါက်မှုတ်ခေါ်ခြင်း၊ သံသေးသံကြောင်အော် ဟစ် နှောင့်ယှက်ခြင်းတို့ ပြုသည်ဟု စွပ်စွဲခံရသည်။

ဆယ်ကျော်သက်အရွယ် မိန်းမငယ်လေးများက ဒုရဲအုပ် မော်နီကာဆင်းအား တိုင်းကြားခဲ့ရာ မော်နီကာ ဆင်းက ဒိုနီအား ဖမ်းဆီးပြီး အထက်ပါအတိုင်း အပြစ်ပေးခဲ့ခြင်းဖြစ်သည်။“ကျွန်မမှာ ရွေးချယ်စရာရှိတယ်၊ သူ့ကို တရားရုံးတင်၊ ပြစ်ဒဏ်ပေါ့ပေါ့လေးနဲ့ လွတ်သွားတာကို ကြည့်မလား၊ ဒါမှမဟုတ် အဲဒီနေရာမှာပဲ မှတ်လောက်သားလောက်အောင် အပြစ်ပေးမလား”

လူရှေ့သူရှေ့ တင်ပါးကို အရိုက်ခံရခြင်းသည် ရှက်စရာကောင်းကြောင်း၊ ယင်းအား အပြစ်မပေးခင် ဦးစွာ တရားရင်ဆိုင်စေရမည်သာဖြစ်ကြောင်း ဒိုနီက တရားသူကြီးများထံ စောဒကတက်သည်။

“လူလယ်ခေါင်မှာ မတ်တတ်ရပ်ပြီး အဲဒီမိန်းမတွေရဲ့ အရိုက်ခံရတာ အရမ်းရှက်မိတယ်၊ သူတို့ကို လက်ဖျား နဲ့တောင် မထိရသေးဘူး၊ ဘယ်သူမှာ အပြစ်ရှိတယ်၊ ဘယ်သူမှာ အပြစ်မရှိဘူးဆုံးဖြတ်တာရဲမေတယောက်
လုပ်ရမယ့်အလုပ်မဟုတ်ဘူး”ဟု ဒိုနီ က ပြောသည်။

သို့သော် မဒ္ဒယာပရာဒက်ရှ်ပြည်နယ် တရားသူကြီးများက ဒိုနီသည် ပေးခဲ့သည့်အပြစ်နှင့် ထိုက်တန်သည်ဟု ဆိုကာ ၎င်း၏ တင်ပြချက်ကို ပယ်ချခဲ့သည်။ အဆိုပါအမှု တရားရုံးသို့ ရောက်ရှိလာပါကလည်း အလွယ်တ ကူ လွှတ်ပေးလိမ့်မည်မဟုတ်ကြောင်း ဖြည့်စွက်ပြောသည်။

“ခံရတဲ့သူတွေကို လူရှေ့သူရှေမှာ အရှက်ရအောင် လက်ခေါက်မှုတ်ခေါ်တယ်၊သံသေးသံကြောင်လုပ်ပြီး
နှောင့်ယှက်တယ်၊ သူ့ကိုလည်း လူရှေ့သူရှေ့မှာ အပြစ်ပေးတယ်၊ ဒါဟာ အလွန်တရာ သင့်တော်တဲ့လုပ် ရပ် ဖြစ်တယ်”ဟု တရားသူကြီးက ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ