သန်းသန်းထွေး၏ ခြေထောက်ဒဏ်ရာ ထိုင်းတွင် သွားရောက်ကုသမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းကွင်းလယ် ကစားသမားသန်းသန်းထွေး၏ ခြေဖ၀ါးအရွတ် စုတ်ပြဲသည့် ဒဏ်ရာကို ထိုင်းနိုင်ငံတွင် သွားရောက်ကုသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရွေးစင်အမျိုးသမီး အသင်း၏ အဓိကကစားသမား သန်းသန်းထွေးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက် က လေ့ကျင့်ရေး ကွင်း၌ တစ်ဦးတည်း သွေးပူလေ့ကျင့်ခန်းပြုလုပ်နေစဉ် ဘယ်ဘက်ခြေဖနောင့်အောက် တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

‘‘သန်းသန်းထွေးရဲ့ ဒဏ်ရာ ကိုဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့အစီ အစဉ်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ကို သွားရောက်ကုသဖို့စီစဉ် နေပါတယ်။ လာမယ့် နိုင်ငံတကာ ပြိုင်ပွဲတွေအမီ သန်းသန်းထွေး ဒဏ်ရာအခြေ အနေပြန်ကောင်း လာမယ်လို့ မျှော်လင့်ထားပါ တယ်’’ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတာဝန်ရှိ သူက ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် အနီးကပ်ဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၁၅ မတ်လအတွင်း ကျင်းပမည့် ၂၀၁၆အိုလံပစ်ခြေစစ်ပွဲနှင့် ဧပြီလအတွင်း ကျင်းပမည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတို့ တွင် ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်။

မြန်မာအမျိုးသမီးအသင်း သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်က နိုင်ငံတကာပြိုင်ပွဲအကြို ခြေစမ်းပွဲအဖြစ် ဗီယက်နမ်ကလပ် ဟာနန်းအသင်းနှင့် သုဝဏ္ဏကွင်း တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ ရာ ၅-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

ဟာနန်းအသင်းနှင့် ခြေစမ်း ပွဲတွင် ကွင်းလယ်ကစားသမား သန်းသန်းထွေးသည် ဒဏ်ရာ အခြေအနေ
ကြောင့်ဝင်ရောက် ကစားနိုင်ခြင်းမရှိခဲ့ပေ။

ဗိုလ်ဗိုလ်ဝင်း | 7day

မှတ်ချက်များ