အစိုးရက မကာအိုသို့ အလုပ်သ မား ၄၀ ဦးအား ပထမဆုံး အကြိမ် တရားဝင် သွားရောက်လုပ်ကိုင်ခွင့်
ပြုလိုက်ပြီး လာမည့်ဇန်နဝါရီတွင် အင်တာဗျူးစတင်ခေါ်ယူမည်ဖြစ် ကြောင်း ပြည်ပအလုပ် အကိုင်ဝန်
ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးထွန်းမင်းလတ်ကပြောသည်။
မကာအိုတွင် ယခုနှစ်ဆန်း ပိုင်းမှစ၍ မြန်မာအလုပ်သမားများ အား လစာအနိမ့်ဆုံး ဒေါ်လာ ၅၀၀မှ ၁၅၀၀ ထိပေးပြီး လုပ်သား သောင်းဂဏန်းမျှခေါ်ယူရန် ကမ်းလှမ်းခဲ့သည်။ ထို့နောက် နှစ်နိုင်ငံ အေဂျင်စီအဖွဲ့အ စည်းအချင်းချင်း သဘောတူလက်မှတ်ရေးထိုးခဲ့ရာ ယခုနှစ်ကုန်တွင် မြန်မာအစိုးရက တရားဝင် စေလွှတ် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
တရားဝင်လုပ်သားစေလွှတ် ခွင့်ကို နိုင်ငံတကာဆုံမှတ် ပြည်ပ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ကရရှိ ထားပြီး အလုပ်သမား ၄၀ ဦးအား ပထမအသုတ်အဖြစ် စေ လွှတ်မည်ဖြစ်သည်။ လက်ရှိသွား ရောက် လုပ်ကိုင်လိုသည့် လုပ် သားများကို ခေါ်ယူလျက်ရှိပြီး ၂၀၁၅ ဇန်နဝါရီလဆန်းတွင် အင်တာဗျူးဖြေဆိုသွား မည်ဖြစ် ကြောင်းသတင်းရရှိသည်။
‘‘ဒီနေ့လူတွေ စစုနေပြီ။ ဇန်နဝါရီမှာ လူတွေ့အင်တာဗျူး ခေါ်မယ်။ လူ ၄၀ ကို ဝန်ကြီးဌာန ကစခွင့်ပြုပေးခဲ့ တယ်။ အစ်ကိုတို့ က အရင်ဆုံးစပို့မှာ။ စင်ကာပူပြန်၊ ဒူဘိုင်းပြန်တွေဆို ပိုကောင်းတာ ပေါ့။ ပထမဆုံးအ သုတ်ဆိုတော့ ဘယ်တော့စပို့နိုင်မလဲ အတိအကျ ပြောလို့မရဘူး’’ဟု နိုင်ငံတကာဆုံ မှတ် ပြည်ပအေဂျင်စီ ၏အုပ်ချုပ်မှု ဒါရိုက်တာလည်းဖြစ်သူ ဦးထွန်း မင်းလတ်ကပြောသည်။
မကာအိုတွင် ကာစီနိုလုပ် ငန်းများ၊ ခရီးသွားလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လျက်ရှိသော ကြောင့် လုပ်သားလို အပ် က်မှာ မြင့်တက်လျက်ရှိသည်။ ထို့ ကြောင့် ပြည်ပမှ အလုပ်သမားများကို အလုပ်ခေါ်ယူနှုန်းမြင့်တက် လျက်ရှိသည်။ မြန်မာအစိုးရ၏ ထုတ်ပြန်ချက်အရ ပြည်ပသို့သွားရောက်လုပ်ကိုင်မည့် မြန်မာ အလုပ်သမား များအနေဖြင့် ဝန် ဆောင်ခနှုန်းထားများကို မိမိရရှိမည့် လုပ်ခလစာ၏ လေးလစာထက်မပိုသော ဝန်ဆောင် ခသာ ပေးရမည်ဟု ထုတ်ပြန်ထားသည်။
ယခု ပထမအကြိမ် လုပ် သားစတင်စေလွှတ်မည့် နိုင်ငံ တကာဆုံမှတ်အေဂျင်စီက လုပ် သား၏လုပ်ခလစာ သုံးလစာကို ဝန်ဆောင်ခအဖြစ် လက်ငင်းပေး ချေသွားရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သွားရောက် လုပ်ကိုင်လို သူများသည် တရုတ်နှင့်အင်္ဂလိပ်ဘာသာစကား ပြောဆိုနိုင်ပါက ဒေါ်လာ ၇၀၀ မှ ၁,၀၀၀ အထိ ပေးကာ ဘွဲ့ရရှိပြီး ဘာသာစကား နှစ်မျိုးလုံးတတ်ကျွမ်းသည့် အပြင် ကွန်ပျူတာကျွမ်းကျင်ပါက ဒေါ် လာ ၁,၀၀၀ မှ ၁,၅၀၀ အထိ လစာပေး၍ အလုပ်ခေါ်ဆိုကြောင်းသတင်းရရှိသည်။
အေးမြတ်သူ | 7day

မှတ်ချက်များ