အာရှ ယူ-၂၃ ပြိုင်ပွဲဝင်မည့် မြန်မာအသင်း ဇန်န၀ါရီတွင် စတင်လေ့ကျင့်မည်

အာရှ ယူ-၂၃ ဘောလုံးခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမမြန်မာ့လက်ရွေးစင်ကစားသမားများကို လိဂ်ပြိုင်ပွဲစတင်သည့် ဇန်န၀ါရီမှ စတင်ကာ ကလပ်အသင်း များနှင့် ညှိနှိုင်း၍ ကြားရက်များတွင် စုစည်းလေ့ ကျင့်မှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

၂၀၁၆ အာရှ ယူ-၂၃ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို ၂၀၁၅ မတ်လ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး
 မြန်မာအသင်းပါဝင် သည့် အုပ်စု (စ)ပွဲစဉ်များကို တရုတ်(တိုင်ပေ)က အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ် သည်။

‘‘ပြိုင်ပွဲနီးမှ လေ့ကျင့်မယ်ဆို ရင် ရက်အနည်းငယ်ပဲရမှာပါ။ ဒါ ကြောင့်မြန်မာလိဂ်စတင်တဲ့ ဇန်န၀ါရီလက စပြီး ကလပ်အသင်းတွေ နဲ့ ညှိနှိုင်းထားပါတယ်။ ပဏာမ ယူ-၂၃ ကစားသမားတွေကို တစ်ပတ်ကိုနှစ်ရက် ကြားရက်တွေ မှာ စုစည်းလေ့ကျင့်သွားဖို့ စီစဉ် ထားပါတယ်’’ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နည်းစနစ် ဒါရိုက်တာအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

၂၀၁၅ ရာသီ မြန်မာလိဂ် ပထမအကျော့ပွဲစဉ်များကို ဇန်န ၀ါရီ ၁၀ ရက်မှ ဇူလိုင် ၅ ရက် အထိကျင်းပသွား မည်ဖြစ်ပြီး စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲနှင့် နိုင်ငံတကာပြိုင်ပွဲများကြောင့် မတ်လ ၈ ရက် ပွဲစဉ် များအပြီးတွင် ပြိုင်ပွဲကို ခေတ္တ ရပ်နားမည်ဖြစ်ပြီး ဇွန်လ ၂၇ ရက် တွင် ပြန်လည်ကျင်းပမည်ဖြစ် သည်။

ထို့ကြောင့် လိဂ်ပြိုင်ပွဲရပ် နားသည့် မတ်လ ၈ ရက်နောက် ပိုင်းမှ စတင်ကာ ယူ-၂၃ အသင်း ကို စခန်းသွင်း ပါက လေ့ကျင့်ချိန်ဆယ်ရက်ကျော်သာရရှိမည်ဖြစ်၍အသင်းစုစည်းချိန် ပိုမိုရရှိရန်ယခုကဲ့သို့စီစဉ်ခြင်းဖြစ်
ကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူက ဆိုသည်။

‘‘အာရှယူ-၂၃ ခြေစစ်ပွဲ မတိုင်မီ မြန်မာအသင်းအနေနဲ့ ဂျပန်အိုလံပစ်အသင်း၊ ဗီယက်နမ် ယူ-၂၃ အသင်း
တွေနဲ့ ခြေစမ်းပွဲ ကစားဖို့လည်း စီစဉ်ထားပါတယ်။ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းမှာ ပါဝင်တဲ့ ပဏာမ ကစားသမားစာရင်းကိုလည်း ဇန် န၀ါရီလဆန်းပိုင်းမှာ ထုတ်ပြန် သွားဖို့ရှိပါတယ်’’ဟု အဖွဲ့ချုပ် တာဝန်ရှိ သူကပြောသည်။

မြန်မာယူ-၂၃ အသင်းကို ဆားဗီးယား နည်းပြ အေဗရာမိုဗစ်က ကိုင်တွယ်မည်ဖြစ်သည်။ ပြီးခဲ့သည့် အာဆီ ယံဆူဇူကီးဖလား ပြိုင်ပွဲတွင် မိုဗစ်ကိုင်တွယ်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုအဆင့်မှ ထွက် ခဲ့ရသည်။

ဗိုလ်ဗိုလ်ဝင်း | 7day



မှတ်ချက်များ