တရုတ်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ ဖိုက်ဘာကေဘယ်စက်ရုံ တည်ဆောက်မည်
တရုတ်နိုင်ငံမှာ ဖိုက်ဘာကေဘယ် ကုမ္ပဏီတစ်ခုဖြစ်သည့် YOFC နှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆက်သွယ်
ရေးဖိုက်ဘာကေဘယ်များ တိုးချဲ့ထုတ်လုပ်နိုင်မည့် စက်ရုံတစ်ခု တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း ရတနာပုံဖိုက်ဘာကေဘယ်ကုမ္ပဏီထံမှ သတင်းရရှိသည်။
‘‘လက်ရှိ ထုတ်လုပ်ရောင်း ချပေးနေတဲ့ ဖိုက်ဘာကေဘယ် တွေအတွက် နည်းပညာနဲ့ ထုတ် လုပ်နိုင်စွမ်းကို တိုးမြှင့်နိုင်ဖို့အ တွက် ပူးပေါင်းလိုက်ခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာ တယ်လီကွန်း အော်ပရေတာတွေက
လေးခုထိ ရှိလာမှာဖြစ်တဲ့အတွက် ကွန်ရက် ချဲ့ထွင်ဖို့ ဖိုက်ဘာကေဘယ်လို အပ်ချက် မြင့်တက်လာနိုင်ပါ တယ်’’ဟု ရတနာပုံဖိုက်ဘာကေဘယ်ကုမ္ပဏီ ဥက္ကဋ္ဌဦးရန်ဝင်းက ပြောသည်။
ရတနာပုံ ဖိုက်ဘာကေဘယ် ကုမ္ပဏီသည် ပြင်ဦးလွင်မြို့တွင် စက်ရုံတည်ဆောက်ကာ ဖိုက်ဘာ ကေဘယ် များ ထုတ်လုပ်လျက်ရှိ ပြီး ကေဘယ်များ တိုးချဲ့ထုတ်လုပ် ရန် ကမ္ဘာပေါ်တွင် ဖိုက်ဘာအမျှင် ထုတ်လုပ်ရေး အခြေခံပစ္စည်းဖြစ်သည့် Preform ဟုခေါ်သော ဖန်ပြွန်ချောင်းထုတ်လုပ်ရာ၌ အများဆုံးထုတ်လုပ်နိုင်သည့် YOFC ခေါ် ယန်ဇီဖိုက်ဘာ ကေဘယ်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ယန်ဇီဖိုက်ဘာကေဘယ် ကုမ္ပဏီသည် နိုင်ငံပေါင်း ငါးဆယ်ကျော်သို့ ဖိုက်ဘာကေဘယ်များ တင်ပို့လျက်ရှိ
သော သက်တမ်း ၂၅ နှစ်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ပြည်တွင်း ပြည်ပဖိုက်ဘာကေဘယ်ဈေးကွက်ကို ချဲ့ထွင်နိုင်ရန်ရတနာပုံဖိုက်ဘာကေဘယ်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်လင်းအောင် | 7day

မှတ်ချက်များ