အမြင့်ပေ ၂၀ မှ ချောလဲပြုတ်ကျကာ သံဘားတစ်ခုပေါ်ကျသွားတဲ့ အမျိုးသား
ကံမကောင်းစွာနဲ့ပဲ အိန္ဒိယနိုင်ငံမြောက်ပိုင်း Rajasthan ပြည်နယ် Banswara မြို့က အသက် ၂၉ နှစ်ရှိ Ajay Deora ဆိုသူဟာ သူငယ်ချင်းတစ်ယောက်အိမ်ကနေ ဘီယာအနည်းငယ်သောက်ကာ အိမ်ကို ပြန် လာရာကနေ အပေါ့သွားဖို့ လုပ်နေရင်း ချော်လဲကာ ပေ ၂၀ အမြင့်ကနေ သံချောင်းတစ်ခုပေါ် ပြုတ်ကျ သွားခဲ့ပါတယ်။
ကျယ်လောင်စွာ အော်ဟစ်သံကြားတဲ့ အချိန်မှာ ကျွန်တော့်ကောင်မလေးဆီ သွားနေတဲ့အချိန်ပေါ့လို့ အသက် ၃၀ နှစ်ရှိတဲ့ Passerby Shah Kohli ဆိုသူက ပြောပြခဲ့တယ်။
တိရိစ္ဆာန်တစ်ကောင်နဲ့ တောင်ပိုတူပါတယ်။ ဘာဖြစ်တာလဲဆိုပြီး သွားကြည့်တော့ ပေါင်နှစ်ခွကြား ထိုး ထွက်နေတဲ့ သံဘားတစ်ချောင်းနဲ့အတူ သွေးအိုင်ထဲ သနားစရာကောင်းတဲ့ ဒီလူ့ကိုတွေ့ခဲ့ပါတယ်။
သံချောင်းက သူ့ခန္ဓာကိုယ် တစ်ဖက်ခြမ်းကနေ နောက်တစ်ဖက်အထိ လုံးလုံးဖောက်ဝင်သွားတယ်။ သူက မျက်လုံးပြူးပြီး ထိတ်လန့်မှုအပြည့်နဲ့ဖြစ်နေခဲ့တာပါ။ အံ့သြထိတ်လန့်စရာတစ်ခုမှ မမြင်ဖူးတဲ့ ကျွန်တော်လဲ သူ့လိုပဲ ချောက်ချားသွားခဲ့ပါတယ်။
အဲ့ဒီနောက် သံချောင်းကို တစ်ဝက်ကနေဖြတ်လိုက်ပြီး ဒဏ်ရာအကြီးကျယ်ရသွားတဲ့ Deora ကို ဆေးရုံသို့ အမြန်ပို့ခဲ့တယ်။ အဲဒီအမျိုးသားထဲ ထိုးစိုက်ဝင်သွားတဲ့ အားပြင်းထန်လွန်းတာကြောင့် ခန္ဓာကိုယ်အတွင်း ပိုင်းကို အကြီးအကျယ် ထိခိုက်ပျက်ဆီးစေခဲ့တယ်လို့ ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒါပေမယ့် သံချောင်းကို ကောင်းမွန်စွာ ဆွဲထုတ်နိုင်ခဲ့ပါတယ်။ လမ်းလျှောက်နိုင်ဖို့နဲ့ သူ့ရဲ့ အူကလီစာတွေ ပုံမှန်အတိုင်း အသုံးပြုနိုင်ဖို့ အချိန်အနည်းငယ်ကြာမြင့်မယ်ဆိုပေမယ့် အခုတော့ တစ်ဖြည်းဖြည်း သက် သာလာနေပါပြီလို့ ဆက်လက်ပြောဆိုခဲ့ပါတယ်။
Trend Myanmar

မှတ်ချက်များ