တကယ်လို့ ကိုယ့်ရှေ့မှာ တယောက်ယောက်က Heart Attack ရတာမြင်ရင် ခြေမကိုင်မိ လက်မကိုင်မိ
ဖြစ်နေမဲ့အစား ဆရာဝန်ဆီမရောက်သေးခင် ဒီနည်းလမ်းကို အသုံးချရင်း အသက်ကိုကယ်နိုင်ပါတယ်။
အခြားတော့ မဟုတ်ပါဖူး။ ကျနော်တို့ မြန်မာတွေရဲ့မီးဖိုချောင်တိုင်းမှာ ရှိတတ်တဲ့ ငရုတ်သီးမှုန့်ပဲ ဖြစ်ပါ တယ်။ တစုံတယောက်ဟာ နှလုံးဖေါက်ပြန်လာပြီလို့ သတိထားလိုက်မိတာနဲ့ ငရုတ်သီးမှုန့် လက်ဘက်ရည် တစ်ဇွန်းကို ရေနဲ့ အမြန်ရောစပ်ပြီး တိုက်လိုက်ပါ။
နှလုံးဖေါက်ပြန်နေသူ သတိရှိနေသေးရင် ငရုတ်သီးမှ ထုတ်ယူထားသော အနှစ်လိုမျိုး (Tabasco) ကို ၂စက် ၃စက်ခန့် လျှာအောက်မှာ ထဲ့ပေးပါ။ ဒီနည်းလမ်းဟာ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးဖြစ်ပြီး စက္ကန့်ပိုင်းအ တွင်းမှာ ပုံမှန်အနေအထားကို ပြန်ရောက်လာပြီး လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပါလိမ့်မယ်။
ချိုတဲ့ငရုတ်သီးကို သုံးလို့မရဖူးလို့တော့ စောဒက မတက်ပါနဲ့။ ငရုတ်သီးရဲ့ ထူးခြားတဲ့ အနံ့အရသာဖြစ်စေ တဲ့ ကက်ဆေစင်(Capsaicin) လို့ခေါ်တဲ့ Cyclic Compound တမျိုးက သွေးလွတ်ကြောနဲ့ သွေးပြန်ကြော
တွေကို ဖွင့်ပေးလိုက်တဲ့ အတွက် နှလုံးဖေါက်ပြန်ခြင်းက သက်သာလွတ်ကင်းသွားတာပါ။ အသက်နဲ့ ပက်သက်လာပြီ ဆိုတော့ ငရုတ်သီးစပ်တယ်ဆိုတာလဲ မပြောပလောက်တော့ပါဖူး။
ဒီတော့ ငရုတ်သီး မသုံးဖူးဆိုတဲ့သူတွေလဲ အရေးကြုံလာရင် အသက်ကယ်လို့ ရအောင် အိမ်တိုင်းမှာ
ဆောင်ထားပါလို့ အကြံပေးရင်း နှလုံးဖေါက်ပြန်ခြင်းခံစားနေသူများကို အလွယ်တကူနဲ့ ကယ်တင်နိုင်
အောင်တင်ပြလိုက်ရပါတယ်။
ဝင်းလှိုင်ဦး

မှတ်ချက်များ