အော်ဂဲနစ်စိုက်ပျိုးနည်း အမေရိကန်ပညာရှင်တွေ ၃ရက်ကြာ သင်တန်းပေး

နှစ်ပေါင်းများစွာ ဓာတုဆေးသုံး မြေသြဇာတွေသုံးခဲ့တဲ့ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေတဲ့ မြန်မာ့မြေလွှာ
တွေကို အော်ဂဲနစ်နည်းပညာ စနစ်တကျသုံးပြီး ကျန်းမာရေးနဲ့ညီတဲ့ သီးနှံတွေကို စိုက်ပျိုးဖို့ SAID နဲ့ Winrock International တို့က ပညာရှင်တွေ လက်တွေ့စိုက်ပျိုးဖို့ နည်းပညာတွေ ဝေငှကြဖို့ ရှိပါတယ်။

ကုန်သည်စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးမှာ ဇန်နဝါရီ ၆ရက်ကနေ ၈ရက်နေ့ ၃ရက်ကြာ ပြုလုပ်နေတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ သင်တန်းကို ကျင်းပနေပြီး အမေရိကန် စိုက်ပျိုးရေးပညာရှင်တွေက အော်ဂဲနစ်သုံး အတွေ့အကြုံနဲ့ လက်တွေ့မြေဆွေးမြေသြဇာ ထုတ်လုပ်စိုက်ပျိုး နည်းတွေကို ပို့ချခဲ့ပါတယ်။

USAID ရဲ့ Farmer to Farmer အစီအစဉ်အရ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ အော်ဂဲနစ် စိုက်ပျိုးနည်း ပညာ မျှဝေမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ပထမနေ့မှာတော့ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းနည်း နဲ့ အော်ဂဲနစ်ဆိုင် ရာ ဗဟုသုတတွေကို ရှင်းပြမှာဖြစ်တယ်လို့ ဒေါက်တာသန်းသန်းစိန်က ဆိုပါတယ်။ ဒုတိယနေ့နဲ့ တတိယ
နေ့တွေမှာ မြေဆွေးနဲ့ တီကျစ်စာ မွေးမြူတာ၊ ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီး အဆိပ်အ
တောက်မဖြစ်မယ့် အော်ဂဲနစ် သဘာဝသီးနှံတွေ ထုတ်လုပ်စိုက်ပျိုးနည်းတွေ ကို သင်ကြားမှာဖြစ်တယ် လို့ ပြောပါတယ်။

သင်တန်းသားတွေအနေနဲ့ နည်းပညာဆိုင်ရာ အတွေ့အကြုံအားနည်းတာကြောင့် အော်ဂဲနစ်စိုက်ခင်းတစ် ခုကို ဘယ်လိုစီမံရမလဲဆိုတာ အဓိကထား သင်ကြားနေတာဖြစ်ပြီး သာမန် စိုက်ပျိုးနည်းစနစ်တွေမှာ မြေ ဆီလွှာကို မြေသြဇာကျွေး၊ ပိုးမွှားကျလာရင် ပိုးသတ်ဆေးဖြန်းတာ လွယ်ပေမယ့် အော်ဂဲနစ်မှာတော့ စိန်
ခေါ်မှုပိုများသလို မြေဆီလွှာရဲ့ ဂေဟစနစ်ကိုလည်း သိထားဖို့လိုတယ်လို့ ဂျွန်ဟေးဒန်က ဆိုပါတယ်။

မြေဆီလွှာကို သဘာဝမြေသြဇာကျွေးပြီး ပြန်လည်ရှင်သန်အောင် လုပ်ရမှာဖြစ်သလို ပိုးမွှားအန္တရာယ်ကို လည်း ဂရုစိုက်ဖို့ သိပ်မလိုဘူးလို့ ပြောပါတယ်။ အော်ဂဲနစ်နည်းနဲ့ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနေတဲ့ မချိုချိုဦးက အဓိကအနေနဲ့ မြေဆီလွှာကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ ဇီဝမျိုးကွဲကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဓာတုဆေးဝါး သုံးမှုကို လျှော့ချပြီး သဘာဝမြေသြဇာကို သုံးဖို့ သင်ကြားမယ့် နည်းလမ်းတွေကို မျှော်လင့်တယ်လို့ ဆိုပါ တယ်။



kamayutmedia

မှတ်ချက်များ