တိုင်းပြည်တိုးတက်အောင် လုပ်ပေးမယ်ပြောလာရင် သတိသာထားပေတော့

လူသားတိုင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို အဆင့်မြှင့်တင်ဖို့လိုအပ်တာကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေး မယ်ဆိုတဲ့လူတွေကို သတိသာထားတော့လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ ရွှေမောဓောစေတီတော်အနောက်မှာ ဇန်နဝါရီ ၃ရက်နေ့က သတိပေးလိုက်ပါတယ်။ နိုင်ငံရေးနားမ လည်သူတွေ လုပ်နေတဲ့ နိုင်ငံရေးအကြောင်း သူဘာပြောသွားသလဲ။

ဒီမိုကရေစီဆိုတာ လွတ်လပ်မှုနဲ့ လုံခြုံမှုနှစ်ခုကို ချိန်ခွင်လျှာညီမျှအောင် ထိန်းညှိပေးတဲ့စနစ်ဖြစ်တာကြောင့် တစ်ချို့က လုံခြုံရေးကိုအကြောင်းပြပြီး လူထုရဲ့လွတ်လပ်မှုကို ပိတ်ပင်နေသလို တစ်ချို့ကလည်း လွတ်လပ် မှုကို အကြောင်းပြပြီး ပြည်သူကို ထိခိုက်အောင် လုပ်ချင်နေကြတယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်မွေး
နေ့အထိမ်းအမှတ် ဟောပြောပွဲမှာ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်က ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝပြည့် မွေးနေ့အဖြစ် ပဲခူးရွှေမော
ဓောစေတီတော်အနောက်ဖက်မုဒ်က ဗုဒ္ဓအသံဓမ္မဗိမ္မာန်ဝင်းထဲမှာ လူထုဟောပြောပွဲပြော ကျင်းပခဲ့ရာမှာ ပရိသတ် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးကို နိုင်ငံရေးသမားတွေကပဲ နားလည်ရမယ်လို့ ခံယူထားကြပြီး တကယ်တမ်းမှာ
တော့ နိုင်ငံရေးနားမလည်ဘဲ နိုင်ငံရေးလုပ်နေသူတွေကြောင့် အခက်တွေ့နေတာလို့ လူထုခေါင်းဆောင်က
ပြောပါတယ်။ ၄-၅နှစ်တစ်ကြိမ် ကျင်းပတဲ့ရွေးကောက်ပွဲတွေမှာ ပြည်သူက အစိုးရတာဝန်ကျေလား၊ မကျေ လားဆုံးဖြတ်ရမှာဖြစ်ပြီး ခေါင်းဆောင်ဘယ်လောက်ပြောင်းပြောင်း ပြည်သူတွေကောင်းရင် နိုင်ငံဘာမှမဖြစ်
နိုင်တာမို့ နိုင်ငံရေးမလုပ်တတ်ဘူးလို့ အော်နေမယ့်အစား နိုင်ငံအကျိုးပြုမယ့်အာဇာနည်တွေပေါ်အောင်လုပ်
တာ အရေးပါဆုံးနိုင်ငံရေးပါပဲလို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးရွှေမော်ဓောစေတီတော်ကို ဝင်ရောက် ဖူးမျှော်ခဲ့သလို တိုင်းပါတီဝင်တွေနဲ့လည်း သီးသန့် တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပဲခူးဒေသခံလူထု နဲ့ ထောက်ခံသူတွေကို တွေ့ဆုံခဲ့ပါတယ်။

သူတို့ပါတီအနေနဲ့ ပြည်သူတွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ်လို့ ကတိမပေးခဲ့ဘဲ ပြည်သူတွေ ကိုယ့်လို အပ်ချက်ကို ကိုယ်တိုင်ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အရေးကိုပဲ ပေးမယ်လို့ ပြောခဲ့တဲ့အကြောင်း၊ ဒီနိုင်ငံ ဖွံ့ဖြိုးဖို့ဆိုရင် ပြည်သူတွေကို ဒီမိုကရေစီပေးဖို့လိုပြီး ဒီအခွင့်အရေးနဲ့အတူ တာဝန်လည်းရှိတာကြောင့် မြန် မာပြည်သူတွေက ဒီမိုကရေစီအခွင့်အရေးနဲ့တာဝန်ကို ကျေပြွန်မယ်လို့ ယုံကြည်တာမို့ ဒီမိုကရေစီနဲ့ တန်ကို တန်ပါတယ်လို့ ပြောပါတယ်။



kamayutmedia

မှတ်ချက်များ